My Blog List

Wednesday, August 13, 2014

ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (4)

ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁

မြန်မာပြည် လွတ်လပ်ရေးအတွက် ပြည်မနှင့် တောင်တန်း အကြိတ်အနယ်ဆွေးနွေးကြစဉ်က ဗိုလ်ချုပ်အောင်ဆန်း သည် ချင်းခေါင်းဆောင်များအား ၀ိသေသတိုင်းအဖြစ် နေချင်နေပါ၊ ပြည်နယ်ယူချင်ယူပါ၊ ချင်းအမျိုးသား အားလုံးအတွက် စုပေါင်း နေထိုင်ရေးအတွက်

ဖြစ်ရပါစေမယ်ဟူသောကတိစကား ရှိခဲ့သည်။ သို့ရာတွင် ဗိုလ်ချုပ်ကျဆုံးသွားပြီးနောက် ရေးဆွဲအတည်ပြုအပ် သော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ချင်းဝိသေသတိုင်းအတွင်းသို့ အရှိုချင်းများ မပါဝင်ခဲ့သည့်အတွက် ချင်းလူထုအဖို့ ၀မ်းနည်းခဲ့ရလေသည်။ … (စာ ၃၁) မှ
ထိုခန္တီးချင်းလူဦးရေသုံးသိန်းကျော်အနေဖြင့် မျက်စိပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ ချင်းလူမျိုးများ၏ အနွယ်များ အမျိုး များသာဖြစ်သည်။ ချင်းဟူသော ဝေါဟာရသည် ကျွန်တော်တို့လူမျိုး ကို သိရှိမှတ်မိစေရန် တပါးသူတို့က ခေါ်ဝေါ်လိုက်သည့် အမည် တခုဖြစ်သလို နာဂဟူသည်မှာလည်း အင်္ဂလိပ်တို့က “ခန္တီးချင်း” များ အားပေးလိုက်သည့် နွားကွဲကျားကိုက်မူဝါဒ၏ လက်တွေ့ပြယုဂ် ဆိုင်ရာ အမည်နာမတခုမျှသာ ဖြစ်တော့သည်။ ..(စာ ၃၃) မှ
ဆလိုင်းဟန်လင်း၏ ကမ္ဘာတလွှား ချင်းအမျိုးများ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ချင်းပုတ် အသုံးအနှုန်းကို ဦးသိန်းဖေမြင့်၏ စစ်အတွင်း ခရီးသည် စာမျက်နှာ ၁၂၁ တွင်လည်းကောင်း၊ ၁၉၆၀ မတိုင်မီက မူလတန်းကျောင်းသုံး ပထ၀ီစာအုပ်ငယ်၌လည်းကောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ အထူးသဖြင့် မြန်မာ့စွယ်စုံကျမ်း ကဲ့သို့သော ကျမ်းကြီးကျမ်းခိုင်၌ပင်လျှင် ယင်းကဲ့သို့သော အသုံးအနှုန်းကို ထည့်သွင်းထားသည်မှာ များစွာဘ၀င်မကျ ဖြစ်ပါသည်။ ချင်းပုတ် အသုံးအနှုန်းမှာ ဗြိတိသျှမှတ်တမ်းများနှင့် မြန်မာ့စွယ်စုံကျမ်း အလိုအရ ချင်းမျိုးနွယ်တစုကိုသာ ရည်ညွှန်း ထားသော်လည်း ယင်း အသုံးအနှုန်းသည် ချင်းတမျိုးသားလုံး အတွက် မနှစ်မြို့ဖွယ်ရာ အသုံးအနှုန်းဖြစ်သည်ကို သတိပြုသင့် ပေသည်။ … (စာ ၃၈) မှ ကျင်ဒွေးဘမောင်၏ ချင်းသမိုင်းထဲမှ ဝေါဟာရ အမှားကို မီးမောင်းထိုးပြခြင်း ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသား လူမျိုးများအနက် ဗမာလူမျိုးတမျိုးတည်း စီးပွားရေးအဆင့်အတန်း၊ လူမှုရေးအဆင့်အတန်း စသည်တို့၌ တိုးတက်မြင့်မားနေခြင်းဖြင့် မြန်မာနိုင်ငံ တိုးတက်သည်ဟု မဆိုနိုင်ပေ။ ထို့အတူ ကရင်လူမျိုး၊ ရှမ်းလူမျိုးစသဖြင့် လူမျိုးတမျိုးမျိုး တိုးတက်မြင့်မားနေရုံဖြင့် ဤပြည်ထောင်စု မြန်မာနိုင်ငံ တိုးတက်သည်ဟု မဆိုနိုင်ပေ။ ဤနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးအားလုံး ဟန်ချက်ညီညီ တိုးတက်မှသာလျှင် ပြည်ထောင်စုမြန်မာနိုင်ငံ တိုးတက်သည်ဟု ခေါ်ဆိုနိုင်ပေသည်။ …(စာ ၄၀) မှ
ဆလိုင်းစောဖေ၏ အမျိုးသားရေးနှင့်ခံယူချက်ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ချင်းတို့၏ ကိုယ်ကျင့်တရားသည် လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရား (Socialogical Ethic) များဖြစ်၏။ ထို့ကြောင့် ခေတ်ကာလ ပြောင်းလဲလာသောအခါ လူမှုရေးဆိုင်ရာ တို့တွင် အပြောင်းအလဲများ ရှိလာတတ်သည်။ ထိုအခါ အတိတ်၌ မှန်ကန်ကောင်းမွန်သော အပြုအမူတို့သည် ယနေ့ခေတ်ကာလနှင့် မလျော်ညီတော့သည်ကို တွေ့ရသည်။ သို့ဖြစ်၍ ချင်းတို့၏ ကိုယ်ကျင့်တရားကို ဝေဖန်ဆန်းစစ် သင့်ပါပြီ။ … (စာ ၄၆) မှ
လူမျိုးတိုင်းတွင် ကိုယ်ပိုင် အတွေးအခေါ်များရှိသည်မှာ အမှန်ဖြစ်၏။ ကိုယ်ပိုင်အတွေးအခေါ်များ မရှိခဲ့ပါက အဓွန့်ရှည်စွာ ယင်းလူမျိုးသည် သီးခြားရပ်တည်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ ချင်းအမျိုးသားများသည် မိမိတို့၏ ရိုးရာအတွေးအခေါ်များကို မှန်ကန်နိုင်သမျှ မှန်ကန်စွာ သိရှိရန်လိုသည်။ သတ်မှတ် ဖော်ထုတ်ရန် လည်း လိုအပ်သည်။ …(စာ ၄၇) မှ အက်ဒွပ်တီ၊ (ဆိုင်းလိန်) ၏ ချင်းယဉ်ကျေးမှုကို ဒဿနရှုထောင့်မှ လေ့လာခြင်း ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ခမီးဟူသော ဝေါဟာရမှာ ခေါ်မီဟူသော စကားလုံးမှ စတင်လာခြင်းဖြစ်သည်။ ၎င်းင်းတွင် ခေါ်ကတပိုဒ်၊ မီကတစပိုဒ် ဖြစ်သည်။ ခေါ်ဟူသော အပိုင်းမှာ (၀င်ခေါ်) ဟုခေါ်ပြီး ရွာ၊ တွင်း၊ လိုဏ်ဂူများကို ဆိုလိုသည်။ မီဟူသော အဓိပ္ပါယ်မှာ (လတ်မီ) မှ လာခြင်းဖြစ်ပြီး ရွေ့လျားသည်ဟု အဓိပ္ပါယ်သက်ရောက်သည်။ ၀င်ခေါ်နှင့် လတ်မီကို ပေါင်းရေးသောအခါ ခေါ်မီဖြစ်လာသည်။ ထိုမှတဖန် ခမီဖြစ်လာ၏။ ခမီဟူသော အဓိပ္ပါယ်မှာရွာများ၊ တွင်းများတွင် နေထိုင်ကြသော လူစုကို ခေါ်သည်။ တနည်းအားဖြင့် လူကို ခေါ်ခြင်းဖြစ်သည်။ ခမီမှ ယခုအခါခမီးဟူ၍ ပြောင်းလာခြင်း ဖြစ်သည်။ ခမီးဆိုသောစကားမှာလူဟုအဓိပ္ပါယ်ရလျှင် သီးခြားလူမျိုး အမည်ရှိမည်ဟု ထင်စရာရှိပါသည်။ သို့သော်ထိုအခါက တောတွင်း တွင် နေထိုင်ကြသူများဖြစ်သောကြောင့် အခြားသော လူမျိုးစုများ နည်းတူ အသိတရား မကြွယ်ဝပဲဖြစ်နေရာ ၎င်းအရာ ကိုပင် လူမျိုးအဖြစ် ခံယူကြခြင်း ဖြစ်သည်။ … (စာ-၄၉) မှ
သို့ရာတွင် ပါလီမန်ဒီမိုကရေစီခေတ် လူမျိုးစု အမတ်ဟူသော အရှိန်အ၀ါသည် ရခိုင်တိုင်းရှိ ခမီးများသို့လည်း ထိခိုက်လာပါသည်။ မြို့ရှင်ဘုရင်များသည် ရခိုင်ရာဇ၀င်၌ နေရာယူခဲ့ရာ ၎င်းင်းကို အမှီပြု၍ ၎င်းမြို့နယ်ရှိ ပညာတတ်ခမီးအချို့က စုစည်းပြီး “မြို” အဖြစ် ခံယူကြသည်။ ရခိုင်တိုင်းရှိ ထိုအချိန်က အရှိန်အ၀ါကြီးခဲ့သူတို့ထံမှ အကူအညီရယူပြီး ရခိုင်တစ်ပြည်လုံးရှိ ခမီးတို့ကို “မြိုလူမျိုး” အဖြစ်မတရားသင်းကြေငြာခဲ့သည်။ မြိုလူမျိုး တိုးတက်ရေးအဖွဲ့ ဟူ၍လည်း ကျောက်တော်မြို့နယ်တွင် ၁၉၆၂ ခုနှစ်၌ ဆိုင်းဘုတ်တင်ခဲ့ကြသည်။ ဤသို့ သုံးစွဲမှုကို ထိုအချိန်က ရန်ကုန်မြို့ ခမီးယဉ်ကျေးမှုကော်မတီ (ယခု) ခမီး (ချင်း) စာပေနှင့် ယဉ်ကျေးမှုအသင်း ရန်ကုန်တို့က ကန့်ကွက်ခဲ့ပါသည်။ …(စာ ၅၁) မှ
ဆလိုင်းအထန်လှ (ခမီး) ရခိုင်ပြည်နယ်ရှိ အ၀ခမီးတို့အကြောင်း ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ချင်းတေးကဗျာရဲ့ကဗျာပဒေသကိုတော့ ချင်းကဗျာ တွေရဲ့ “ရစ်သမ်” ကို အတော်လေးနားရည်ဝပြီးသလောက်ရှိမှ မင်းတပ် အထကဆရာ ဦးရှိန်းဖေလိန်းထံချဉ်းကပ်း၊ မေးမြန်းလေ့လာ ရပါတယ်၊ ဆရာရှိန်းပြတဲ့ နမူနာကဗျာနှစ်ပုဒ်ကို စကားပြေပြန်တာ မဟုတ်ပဲ တိုက်ရိုက်စာကြောင်းချင်း ဘေးချင်းယှဉ်ပြန်ဆိုပြီး ပုံစံချကြည့်ရင် ချင်းတေးကဗျာရဲ့ “ထပ်ကျော့သံ”သဘော အခြေခံကို ရိပ်စားမိလာနိုင်ပါတယ်၊ အသံကြားရရင်တော့ ပိုကောင်းပါတယ်၊ အသံဖမ်းကက်ဆက်ပါမသွားတဲ့အတွက် နောင်အခါ ပြန်ဖွင့် နားထောင်စေချင်လို့တော့ မရတော့ပါ။ …(စာ ၅၃) မှ
ကဗျာဆရာ မောင်စွမ်းရည်၏ မင်းတပ်ချိုးတို့ရဲ့ ကဗျာပဒေသ လေ့လာရေးခရီး ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ဒီလိုနတ်ပွဲတွေမှာ နွားနောက်ကောင်ရေအနည်းအများ ရှိတတ်ပါတယ်။ ဒီတော့ နွားနောက်ဟာ ပွဲလုပ်တဲ့နေရာနဲ့ မသာပွဲတွေမှာ သတ်ပြီး သုံးစွဲကြတယ်လို့ပဲ ဆိုရမယ်။ ယနေ့ တချို့ အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်တွေဟာ နွားနောက်နဲ့ ပွဲတွေမလုပ်တော့ပဲ အသားပေါ်ရောင်းခြင်းအားဖြင့် မိမိအတွက် ၀င်ငွေနဲ့ ပြည်သူများ အသားရရှိရေးအတွက် အသုံးပြုတာ တွေ့ရတယ် အတုယူသင့်တယ် လို့ ဆိုချင်ပါတယ်။ …(စာ ၉၈) မှ
ဒေါက်တာ ဆလိုင်းလင်းလောဟာ၏ ချင်းပြည်နယ် သိပ္ပံနည်းကျ နွားနောက်မွေးမြူရေး ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ကျွန်တော်က ဖြေလိုက်သည်။ “ဟုတ်တယ်ဗျ၊ တကယ်တော့ ဗိုလ်ကြီးတိုက်ချွန်းရဲ့ စွန့်စားမှုတွေကို အင်္ဂလိပ် ဘာသာနဲ့ စာစောင်ပေတဖွဲ့ ထုတ်ဝေနိုင်ရင် ကမ္ဘာ့စစ်သူရဲကောင်း တွေနဲ့ ယှဉ်ပြီး နိုင်ငံတကာက အံ့သြချီးကျူးကြရလိမ့်မယ်” … (စာ ၇၃) မှ /
ထိုအချိန်မှာ ဗိုလ်ကြီးတိုက်ချွန်းနှင့် ရဲဘော်သုံးဦးသည် နေ့လယ်မွန်းတည့်ချန်မှာ ရန်သူ့စခန်းအလယ်သို့အသေခံ ပြောက်ကျားတပ်သားများအဖြစ် လျှပ်တပြက်ဝင်စီးသည်။ ရန်သူတို့တပ်ဖွဲ့ များ အလယ်အူကြောင်း ပြိုကျပြီး ဆုတ်ခွာပြေးရသည်။ ဗမာ့ တပ်မတော်က ထိုအချိန်တွင် စနစ်တကျဝင်တိုက်၍ ရန်သူ့ စခန်းကို အောင်မြင်စွာ သိမ်းပိုက်မိပြီ။ … (စာ ၇၄) မှ
စာရေးဆရာ တက္ကသိုလ်စိန်တင်၏ ချင်းပြည်နယ်၏ ကြယ်တပွင့် (သို့မဟုတ်) ဗိုလ်ကြီးအောင်ဆန်းသူရိယတိုက်ချွန်း ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
အဲဒီအချိန်တုန်းက ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးအပြောင်း အလဲကြီးတွေ၊ အဖြစ်အပျက်ကြီးတွေဟာ ကျွန်တော့်အဖို့ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ရှေးဂန္တ၀င်ကျမ်းကြီးတွေနဲ့ တူနေတယ်။ သည်ကျမ်းကြီးတွေကို ဖတ်သာဖတ်ခဲ့တယ်၊ တလုံးမှပြန်မရွတ်နိုင်ဘူး။ အမှတ်မရဘူး။ ဒါပေမယ့် သည်အဖြစ်အပျက်လေးကတော့ ကျွန်တော့်စိတ်ထဲမှာ မကြာခဏ ပြန်ပေါ်တတ်တယ်။ ပြန်ပေါ်တိုင်း ကျွန်တော့်ကို အရှက်ရစေတယ်။ ကိုယ့်ကိုယ်ကို စိတ်ထားမြင့်မြတ်တဲ့လူ၊ ကိုယ်ကျိုးမကြည့်တဲ့လူဖြစ်အောင် တိုက်တွန်းလှုံ့ဆော် နေတယ်။ မျှော်လင့်ချက်တို့ သတ္တိတို့ရှိအောင် မွေးပေးနေတယ်။ … (စာ ၈၃) မှ
စာရေးဆရာ မြသန်းတင့်၏ အင်္ကျီစုတ်အောက်က ဖြူစင်တဲ့နှလုံးသား (Lushun – A Little Incident) ဘာသာပြန် ၀တ္ထုတို … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
တိုင်းရင်းသား ချင်းအမျိုးသားတို့ဓလေ့ကား အိမ်ကို အလွန်အသာပေး၍ ဆောက်လုပ်တတ်ကြသည်။ အထူးသဖြင့် “ဟားခါး” နယ်မှ ချင်းအိမ်များမှာ အင်္ဂလိပ်ခေတ်ကတည်းက ကြီးမားခန့်ညားသဖြင့် ကျော်ကြားသည်။ “ဆီးယင်း” နှင့် “စုတ်တဲ” နယ်များက အိမ်များမှာလည်း ကြီးမားခန့်ညားရာ၌ ထင်ရှား ခဲ့သည်ဟု သိရသည်။ သို့သော်လည်း အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခဲ့သောကြောင့် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသဖြင့် ယနေ့ အချိန်တွင် မတွေ့ကြရ တော့ပါ။ ၀မ်းနည်းစရာပင်။ … (စာ ၈၅) မှ မောင်ပေစိ၏ ချင်းရိုးရာအိမ် တည်ဆောက်ပုံ ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
သတို့ချင်းမျိုးနွယ်ဝင်တို့သည် ဒေသကိုလိုက်၍ ထာဒိုခေါ်သတိုးချင်း၊ ခေါင်ဆိုင်ချင်း၊ ကူကီးချင်း၊ ထာဒိုကူကီးချင်း ဟူ၍ အမည်နာမအမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြကာ သွေးချင်းသားချင်း ဖြစ်လျက် သူစိမ်းတရံဆံများကဲ့သို့ နေထိုင်ခဲ့ကြသည်။ ပြုမူဆက်ဆံ ခဲ့ကြသည်။ … ကူကီးချင်း (Kuki Chin) ဟူသောနာမသည် အင်္ဂလိပ်စကားမှ ဆင်းသက်လာပြီး ချင်းနှင့်အတူတူပင်ဖြစ်သည်။ ဒေသကိုလိုက်၍ အိန္ဒိယပြည်ဘက်တွင် ကူကီးဟူ၍လည်းကောင်း၊ မြန်မာပြည်ဘက်တွင် ချင်းဟူ၍လည်းကောင်း ခေါ်ဆိုကြခြင်းဖြစ် သည်။ ကူကီးဟူသော အခေါ်အဝေါ်ကို အင်္ဂလိပ်တို့က ပထမဦးဆုံး အသိအမှတ်ပြု သုံးစွဲခြင်းဖြစ်ပြီး အဓိပ္ပါယ်အနှစ်သာရအားဖြင့် ကျယ်ဝန်းနက်ရှိုင်းသော သဘောဆောင်ပြီး တမျိုးတနွယ်တည်းမှ ဆင်းသက်လာသည့်သန်မာထွားကျိုင်း ခြေတံရှည်သော တောင်ပေါ် သားများဟု ဆိုလိုပေသည်။ ကူကီးသည် ယနေ့အထိ အိန္ဒိယ ပြည်ဘက်တွင် အသုံးပြုသောအခေါ်အဝေါ်ဖြစ်သည်။ … (စာ ၁၀၄) မှ ဆလိုင်းအဲလ်ထန်ဘွေ (ခမ်းပတ်) ၏ သတိုးချင်း ယဉ်ကျေးမှုသမိုင်းကို ဆန်းစစ်တင်ပြခြင်း ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
“မိုင်ခေါ့ကို လက်ထပ်ပြီး ဖလမ်းမြို့ရဲ့ လှပသာယာရေး ဖန်းတီးဖို့ ဆလိုင်းပြန်ခဲ့တယ်”
“ဖလမ်းမြေ သာယာရေး တခုပဲလား ဆလိုင်းရယ်၊ ချင်းပြည်နယ်ကြီး တခုလုံး သာယာတိုးတက်ရေးအတွက် မဖန်တီး တော့ဘူးလား”
“ဖလမ်းမြေဟာ ဆလိုင်းရဲ့ ဇာတိမြေလေ၊ ဒီမြေ တိုးတက်ရေး အတွက်သာ ဆလိုင်းမှာ တာဝန်ရှိတယ်မိုင်ခေါ့”
“ဆလိုင်းရယ် မြို့နယ်စွဲက ပြင်းထန်ကြီးမားလှပါလား၊ ဆလိုင်းမှာရော မိုင်ခေါ့မှာရော တာဝန်ရှိနေတာက ချင်းပြည်နယ်ကြီး တိုးတက်ဖို့ကနေ ပြည်ထောင်စုကြီးတည်မြဲဖို့အထိ တာဝန်တွေ ရှိနေတယ်” …(စာ ၁၀၈) မှ
တက္ကသိုလ်ခိုင်ထွန်း၏ ကြွေးကြော်သံများကြားမှ အလှပန်းတစ်ပွင့်ဝတ္ထုတို… မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
မမမိလဲ သက်ပြင်းရှိုက်နဲ့ ခေါင်းခါလိုက်ရပြန်တယ်။ “ချင်းပြည်နယ် သားတို့ရဲ့ ဘ၀ဟာ မပျောက်တဲ့ရေမှုန်ရေစ ဘ၀လို့”ဆလိုင်းမှုန်းကပြောနေတယ်။ သူတို့မှာက ရာသီဥတုဒဏ်၊ သဘာဝ ဒဏ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒဏ်၊ အစားအသောက် ခေါင်းပါးတဲ့ဒဏ်၊ မဖွံ့ဖြိုးလို့ နိမ့်ကျလွန်းတဲ့ဘ၀ဒဏ်၊ ဒဏ်ပေါင်းစုံကို ဘက်ပေါင်းစုံက ကာလအရှည်ကြာ ခံနေရတာလို့ လေးလေး နက်နက် ပြောပြနေတယ်။ … (စာ ၂၈) မှ
စာရေးဆရာမ ခင်ဆွေဦး၏ ဘာအရူးထတာလဲ ၀တ္ထုတို … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
“လုံယူး” ပွဲမှာလည်း တေးဆိုကြတယ်။ အသုဘပွဲမှာ လည်း တေးဆိုကြတယ်။ ပွဲရှင်ကို ဂုဏ်ပြုတဲ့ တေးတွေကို ဖွဲ့ဆိုကြတယ်။ တခါတရံ အသုဘပွဲမှာ မူးမူးရူးရူးနဲ့ တေးဆိုကြတော့ သေသူဟာ ဘယ်သူ့ဆီမှာ ကြွေးဘယ်လောက်ကျန်တယ် ဆိုတာမျိုးတွေပါ ထည့်သွင်း သီဆိုမိတတ်တယ်တဲ့။ အဲဒီအခါမျိုးမှာတော့ သေသူရဲ့ အိမ်သားတွေနဲ့ တေးဆိုသူတို့ ရန်ဖြစ်တတ်ပါသတဲ့။ … (စာ ၅၃) မှ
ကဗျာဆရာမောင်စွမ်းရည်၏ မင်းတပ်ချိုးတို့ရဲက ကဗျာပဒေသ လေ့လာရေးခရီး ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ချင်းတို့၏ အချင်းချင်း စစ်ခင်းပုံကို ကြည့်ပြီး ရှောင်ရန် နှင့် ဆောင်ရန်အချက်များကို သုံးသပ်သင့်ပေသည်။ ရှောင်ရန် အချက်များမှာ ချိုအချင်းချင်း၊ ချင်းအမျိုးသား အချင်းချင်းတို့ အကြား စစ်ခင်းတိုက်ခိုက် သတ်ဖြတ်ကြသည့် စနစ်ဆိုးကို အမြစ်ပါမကျန် အပြီးအပိုင် တိုက်ဖျက်ရန် လိုအပ်သည်။ ယနေ့အထိ အချင်းချင်း စစ်ခင်းတိုက်ခိုက်မှု မရှိတော့သော်လည်း ယင်း၏ အမွေဆိုး အဆွယ်အပွားအဖြစ် ယနေ့အထိ ကြွင်းကျန်နေသေးသည့် ချင်းအနွယ်ဝင် အချင်းချင်း၊ မျိုးနွယ်စုအလိုက် ဒေသအလိုက် ကျဉ်းမြောင်းစွာ ရပ်တည်လှုပ်ရှား ယှဉ်ပြိုင်နေကြသည့် အခြေအနေမှ ချင်းအမျိုးသားထုတရပ်လုံး စည်းလုံးညီညွတ်ရေးကို အခိုင်အမာ ရယူတည်ဆောက်ကြရန် ချင်းအမျိုးသား တည်းဟူသော ကျယ်ဝန်းမြင့်မားသော အခြေအနေသို့ တက်လှမ်းရပ်တည် လှုပ်ရှားကြရန် လိုအပ်သည်။ … (စာ ၆၄) မှ
ဆလိုင်ဓူဝံနီ၏ ချိုတို့အချင်းချင်း စစ်ခင်းပုံ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
အခြားသမိုင်း အထောက်အထားတခုမှာ လိုင်းလွန်မှ ပေါက်ဖွားလာကြသော ချင်းလူမျိုးနွယ်စုများမှအပ အခြား ချင်းလူမျိုးနွယ်စုများက မိမိတို့ကိုယ်ကို “လိုင်း” သို့မဟုတ် “လိုင်မီး” ဟု ခေါ်ဝေါ်သုံးစွဲခြင်း မရှိခြင်းပင်ဖြစ်သည်။ လိုင်လွန်းမှ ဆင်းသက် လာသူများသာလျှင် “လိုင်မီး” ဟု မိမိတို့ကိုယ်ကို ခေါ်ဆိုကြလေသည်။ ထိုသို့ မိမိတို့ကိုယ်ကို “လိုင်မီး” ဟု ခေါ်ဆို သမုတ်ကြသကဲ့သို့ တမိဖွား သွေးချင်းသားချင်းအားလုံးကိုလည်း “လိုင်မီး” ဟု သတ်မှတ်ခေါ် ဆိုကြသည်။ ထိုနည်းလည်းကောင်း ဇိုမီး၊ ချိုး၊ ရှို (အရှို)၊ ခူမီး၊ မီဇို စသည်ဖြင့် နေရာဒေသအလိုက် မိမိတို့ကိုယ်ကို ခေါ်ဆိုကြသကဲ့သို့ ယင်းတို့သည် ညီအစ်ကို သွေးချင်းသားချင်း အားလုံးကိုလည်း ဇိုမီး၊ ရှို၊ ခူမီး၊ မီဇိုစသည်ဖြင့် ခေါ်ဝေါ်သတ်မှတ် ကြသည်။ … (စာ ၁၁၂) မှ
သမိုင်းသုတေသီ၏ “လိုင်း” အစ လိုင်လွန်းက ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
“ထာဒို” ဟူသော အမည်နာမ၏ အသံထွက်အမှန်မှာ ထာဒို (Thadou) ဖြစ်၍ တီးတိန်ဘာသာဖြင့် အသံလှယ်လိုက် သောအခါ ထာ့ဒို (Thahdou) ဟူ၍ ဖြစ်လာသည်။ အသံလှယ် ပြောဆိုသုံးစွဲသော “ထာ့ဒို” တွင် “ထာ့” (Thah) ဆိုသည်မှာ “သတ်ဖြတ်သည်” ဟူသော အနက်အဓိပ္ပါယ် ထွက်လာလေသည်။ “ထာဒို” ဟူသော အသံထွက်အမှန်ဖြင့် ပြောဆိုသုံးစွဲပါက မည်သည့် အနက်အဓိပ္ပါယ်မျှ မထွက်ပဲ လူမျိုးတမျိုး၏ အနွတ္တသညခေါ်စရာ အမည်နာမ ဖြစ်သည်ဟူ၍ သိရှိနိုင်သည်။ တီးတိန်ဘာသာဖြင့် “ထာ့ဒို” ဟု ခေါ်ဆိုလိုက်သောအခါ နယ်ချဲ့တို့က အခွင့်ကောင်းယူ၍ တိုင်းရင်းသားအချင်းချင်း ယုန်ထင်ကြောင်ထင် ဖြစ်လာစေရန် သွေးခွဲရေးလက်နက်အဖြစ် သုံးစွဲလိုက်ခြင်းပင် ဖြစ်သည်။ …(စာ ၁၁၅) မှ
တန်ဆွင်ခန့်၏ ဆိုးမွေမှ ကောင်းမွေသို့ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ရာစုနှစ်ထက်ဝက်နီးပါးမျှ အေ၊ဘီနှင့် စီ ဘယ်ဟာလဲ ဘယ်ဟာဖြစ်သင့်သလဲ၊ အေဖြစ်သင့်သည်။ ဘီကို ရွေးချယ်မည်၊ စီသာလျှင် အသင့်တော်ဆုံး၊ လေသံတို့သည်ကား တထပ်တည်းမကျ နိုင်ခဲ့။ လေသံတထပ်တည်း မကျသည်ကထားဦး၊ အေကို ကြိုက်နှစ်သက်သူသည် အေမြို့နယ်သား (မျိုးနွယ်သားများသာ) များဖြစ်ပြီး ကျန်ဒေသသားတို့ကလည်း မိမိတို့၏ ဒေသသုံးဘာသာစကား ဘီသာလျှင်၊ စီသာလျှင်စသည်ဖြင့် မိမိကိုယ်ကို ရှေ့တန်းတင်မှုသည် ကြီးမားစွာ ရှင်သန်ခဲ့ပါသည်။ … (စာ ၁၂၂) မှ
…အမှန်မှာ ဟွာလ်ငိုး (Hualngo) ဘာသာစကားကို ချင်းဘုံဘာသာစကားအဖြစ် သတ်မှတ်သင့်ကြောင်း အယူအဆသည် ယခုမှပေါ် ပေါ်ထွက်လာသော အယူအဆ မဟုတ်ပါ။ ရန်ကုန်တက္ကသိုလ်၏ သမိုင်းပါမောက္ခ လုပ်ကိုင်ခဲ့ဖူးသော G.H. Luce (ပါမောက္ခလုစ်) သည် ချင်းပြည်ဒေသ အသီးသီးတွင် Linguistic Survey ဘာသာစကားလေ့လာ ဆန်းစစ်ချက် ပြုလုပ်ခဲ့ပြီး စာတမ်းတစ်စောင့် ပြုစုခဲ့ပါသည်။ Professor Luce ၏ သုတေသနပြုချက်အရ ဟွာလ်ငိုးစကားသည် ချင်းဘုံဘာသာ စကားအတွက် အသင့်တော်ဆုံး ဘာသာစကားဖြစ်ကြောင်း အခိုင်အမာ တင်ပြခဲ့ပြီးဖြစ်သည်။ … (စာ ၁၂၃) မှ
မိုင်မင်းရီးဟိုင် (ချင်းပြည်) ၏ စာပေအတွေး အခေါ်သစ် ပေါ်ထွန်းပြီ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ဆေးတံကိုခံ၊ ပါးမဲခြယ်တိုး၊ ခြင်းတောင်းပိုးသူ၊ မီးခိုး ထဲကချင်းမပျို၊ ကားကိုမြင်တော့ ခုန်ပေါက်ရှောင်။ လက်မှာလေးမြား၊ ခါးမှာဓါးနဲ့၊ နွားနောက်အိပ်မက်၊ ခေါင်အိပ်မက်သူ၊ တောင်ထက် တောကြား၊ ရွေ့ရွေ့သွားယင်း၊ ကားကိုမြင်တော့ အိပ်မက်ပြယ်။ … ကဗျာဆရာ မောင်စွမ်းရည်၏ မှိုင်းပြာရီညို ချင်းတို့စံရာ ကဗျာ … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ချင်းမျိုးနွယ်စုများ၏ အမည်တို့ကို မှည့်ခေါ်ရာတွင် လည်း ကြိုက်ရာအမည် မှည့်ခေါ်ခဲ့သည်ကို တွေ့ရပါသည်။ မင်းတပ်မြို့ အနောက်ဘက်ဒေသတွင် နေထိုင်၍ အနီရောင် ဆိုးသော ကြိမ်ခွေများကို ရိုးရာ အလှအပအဖြစ် ၀တ်ဆင်သူ ချင်းအမျိုးနွယ်စု များ၏ ချင်းဘာသာစကားဖြင့် မူရင်းအမည်မှာ “မကန်း” ဖြစ်ပါသည်။ ယင်းအမည်ကို ဗြိတိသျှတို့ မသိရှိသောအခါ ကြိမ်ခွေများ ၀တ်ဆင်သည်ကို အစွဲပြုလျက် ကြိမ်ခွေဝတ်ချင်းများ (Cane Balley Chins) ဟု ဗြိတိသျှတို့က အမည်ပေးခဲ့သည်။ … (စာ ၃၇) မှ ကျင်ဒွေးဘမောင်၏ ချင်းသမိုင်းထဲမှ ဝေါဟာရ အမှားကို မီးမောင်းထိုးပြခြင်း ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ချင်းအိမ်များကို သက်ကယ်ဖြင့် မိုးလေ့ရှိသည်။ သက်ကယ်မြက်သည် ၅ ပေမှ ၆ ပေအထိ ရှည်ပြီး အမိုးကို အထူတပေနီးပါးရှိအောင် မိုးတတ်သည်။ ချင်းတောင်ကဲ့သို့ ဆောင်းခါ အလွန်အေးသော အရပ်များ၌ သက်ကယ်အမိုး ထူထူကြီးမှာ နေ့အခါ အေးပြီး ဆောင်းအခါ နွေးသဖြင့် ရာသီဥတုနှင့် အကိုက်ပင် ဖြစ်သည်။ ဤသို့သော သက်ကယ်အမိုး ထူထူကြီးများကို တိဘက်၊ တရုတ်နှင့် ကိုရီးယား၊ ဂျပန် တောအိမ်များ၌လည်း တွေ့ရသည်။ … (စာ ၈၆) မှ
မောင်ပေစိ၏ ချင်းရိုးရာအိမ် တည်ဆောက်ပုံ ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ကနေဒီတောင်ထိပ်၊ ကနေဒီတောင်ထိပ်၊ တိမ်လိပ်က ဆွတ်ဖြူ၊ နှင်းဖြူက ဆွတ်ဖွေး၊ စိမ်းရောင်စို၊ မြိုင်ထိုထို တောညိုလဲ့ရယ်၊ မြရဲ့အသွေး။ …
ကဗျာဆရာ ပျဉ်းမနား မောင်နီသင်း၏ ချင်းတောင်တန်း ခရီးသည် ကဗျာ … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
“ပြောမလား၊ မပြောဘူးလား၊ အချိန်မဆွဲနဲ့” မျက်လုံး အစုံမှိတ်ထားလိုက်ပါသည်။ သစ္စာဖောက် နယ်ချဲ့လက်ပါးစေ ချင်းစကားပြန်ကြီးကို စိုက်စိုက်ကြည့်ပြီး – “ကျွန်မ ပြောလိုက်ယင် ရွာသားတွေအကုန် ဒုက္ခရောက်မယ်၊ အညှဉ်းဆဲခံရမယ်၊ တို့ချင်းပြည်ရဲ့ လွတ်လပ်မှုကြီး ဘယ်တော့မှ အောင်မြင်မှာ မဟုတ် ဘူး၊ ကျွန်မမပြောဘူး၊ ဘယ်တော့မှ မပြောဘူး၊ ကျွန်မအသေခံမယ်” ပြတ်သားသော အဓိဠာန်။ ခိုင်မာသော တော်လှန်စိတ်။ … (စာ ၉၉) မှ
ဆလိုင်းဂျိုးသိန်း၏ ဇိုဟေဆာ ပန်းပွင့်ခါမှ ၀တ္ထုတို … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
တကယ်တော့ ဆလိုင်း-မိုင် (Salai – Mai) ဆိုတာ ကျွန်တော်တို့တတွေရဲ့ နာမည်ရှေ့မှာ ပွင့်ဖူးနေတဲ့ အလှပန်း တခုသာ မကပဲ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ခိုင်မာစွာ အမြစ်တွယ်နေတဲ့ မေတ္တာပွင့်ပန်းလဲ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝပန်းအလှတွေလို မြေပြန့်တောင်ပေါ်ရယ်လို့ နေရာဒေသကို ခွဲခြားပြီး ဖူးပွင့်နိုင်တဲ့ပန်းမဟုတ်ပဲ နှလုံးသားရှိတဲ့ ချင်းလူငယ်တွေရဲ့ နှလုံးသားတိုင်းမှာ လှပဝေဆာစွာ ဖူးပွင့်နိုင်ပြီး မကြုံဘူးတဲ့ စိတ်ဓါတ် သစ်တွေနဲ့ အတွေးအမြင်သစ်တွေကို ဒီပွင့်ပန်းက ပေးစွမ်းနိုင်ခဲ့ တာကြောင့်ပါပဲ။ … (စာ ၁၂၀) မှ
ဆလိုင်းကစ် (ပ်) (ချင်းပြည်) ၏ ဖူးပွင့် ဝေဆာနေသော ပွင့်သစ်ပန်းကလေးများ စာညွန့် စာပဒေသာ … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
လူမျိုးတိုင်းတွင် ကိုယ်ပိုင် အတွေးအခေါ်များရှိသည်မှာ အမှန်ဖြစ်၏။ ကိုယ်ပိုင်အတွေးအခေါ်များ မရှိခဲ့ပါက အဓွန့်ရှည်စွာ ယင်းလူမျိုးသည် သီးခြားရပ်တည်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ချင်းအမျိုးသားများသည် မိမိတို့၏ ရိုးရာအတွေးအခေါ်များကို မှန်ကန်နိုင်သမျှ မှန်ကန်စွာ သိရှိရန်လိုသည်။ သတ်မှတ် ဖော်ထုတ်ရန်လည်း လိုအပ်သည်။ … (စာ ၄၇) မှ
အက်ဒွပ်တီ၊ ဆိုင်းလိန်၏ ချင်းယဉ်ကျေးမှုကို ဒဿနရှုထောင့်မှ လေ့လာခြင်းဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
လမ်းဘေး၌ သစ်ခွပန်းမျိုးစုံ တွေ့ရသည်။ ကြွေအံ့ဆဲဆဲ အရောင်ခပ်မွဲမွဲ တောင်ဇလပ် ဖြူနီများလည်း တွေ့ရသည်။ တောင်ဇလပ်ပန်းနှင့် ချယ်ရီပန်းများသည် ချင်းတောင်တန်းကြီး၏ သဘာဝ ပန်းဥယျာဉ်တွင် ဆောင်းကျက်သရေဆောင် ပန်းဘုရင်များ ဖြစ်ကြသည်။ ယခုမူ နွေရာသီ ရောက်ပြီမို့ နွေပန်းများ အကြားဝယ် မျက်နှာငယ်ရရှာပြီ။ … (စာ ၆၇) မှ
ဝိဇ္ဇာသိန်းလေး (ရန်ကုန် တက္ကသိုလ်) ၏ အိမ်မက်လှလှ မက်ပါစေ ၀တ္ထုတို … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ဟွာလ်ငိုစာပေ ဘာသာစကားမှာ သင်ယူရန် လွယ်ကူ ရှင်းလင်း၍ အသံထွက်လည်း ခက်ခဲမှုမရှိပေ။ နောက်တချက်မှာ တီးတိန်းဒေသစကား၊ ဖလမ်းဒေသစကား၊ ဟားခါးဒေသစကား၊ ပလက်ဝ၊ ကန်ပက်လက် စသည်ဖြင့် ဒေသမြို့နယ် စာပေဘာသာ စကားတို့မှာ မြို့နယ်ဒေသကို အခြေစိုက်သည့်စာပေ ဘာသာစကားများဖြစ်သောကြောင့် တညီတညွတ်တည်း သဘောတူလက်ခံကြရန် မလွယ်ကူပေ။ ရှေးယခင်က ဤကဲ့သို့ ဒေသမြို့နယ်ကို အခြေစိုက်သည့် စာပေဘာသာစကားတခုခုကို မူတည်အဖြစ် ရွေးချယ်လိုကြသော ဆန္ဒစွဲကြီးမှုများကြောင့် အပေးအယူမမျှနိုင်၊ အယူအဆ တင်းမာကြကာ စည်းလုံးရေးထက် ပြိုကွဲရေးသို့ ဦးတည်သည့် ခြေလှမ်းအမှားများကို ကျူးလွန်ခဲ့ကြသည်။ … (စာ ၇၂) မှ
ဆလိုင်းဗွေမဏ်၏ ချင်းဘုံစာပေနှင့် ဘုံစကားအတွက် မလွဲမသွေကျော်ဖြတ်ရမည့် တော်လှန်ရေးစခန်း အဆင့်ဆင့်များ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၀-၈၁
ယနေ့ပေါ်ထွန်းလာသော စာပေသစ် အတွေးအခေါ်သည် ချင်းအမျိုးသားတို့၏ ဘာသာစကား အမျိုးပေါင်း (၆၀) ကျော် ရှိသည့်အနက် မည်သည့်ဘာသာစကား၊ မည်သည့်စာပေကိုမှ အပျောက်အပျက် ခံလိမ့်မည်မဟုတ်ပါ။ ယင်းအမျိုးပေါင်း (၆၀) သော ချင်းဘာသာစကားအနက် ပေထက်အက္ခရာတင်ပြီးသော ဘာသာစကားများ ရှိသလို ပေထက်အက္ခရာမတင်ရသေးသော ချင်းဘာသာစကား အမြောက်အမြား ကျန်ရှိနေပါသည်။ ယင်းသို့ ပေထက်အက္ခရာမတင်ရသေးသော ချင်းဘာသာစကားတို့ကို ထန်းသိမ်းမြင့်တင့်၍ ပေထက်အက္ခရာတင်ပေးရန်သည် ယနေ့ စာပေသစ်တော်လှန်ရေး၏ တာဝန်တရပ်ဖြစ်ပါသည်။ … (စာ ၁၂၄) မှ မိုင်မင်းရီးဟိုင် (ချင်းပြည်) ၏ စာပေအတွေးအခေါ် သစ်ပေါ်ထွန်းပြီ ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
တောင်တန်းပြာကို၊ အလွမ်းပိုရင်လဲ ရင်ထဲအားဖြည့် ပျော်မွေ့လိုက်ပါ ချင်းပြည်သာဖို့တို့လာတာမဟုတ်လား … တို့ပြန်တဲ့အခါ ချင်းပြည်မုချသာရမည်။ …
မိုင်မိုင် (ဇလပ်မြေ) ၏ ကံ့ကော်တောမှ တောင်ပြာတန်းသို့ ကဗျာ … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
ထို့ကြောင့် ဘုံဘာသာစကား ဖော်ထုတ်ရေးတွင် လေ့လာဆွေးနွေးပြီးမှ အကောင်အထည်ဖော်ခြင်းထက် သတ်မှတ်ပြီး မှ ဖြစ်ပေါ်လာသော ဘုံဘာသာစကားကို ချင်းပြည်သူလူထုအားလုံး တတ်သိနားလည်အောင် ကြိုးစားခြင်းသည်သာ အကောင်းဆုံးနည်းဖြစ်သည်ဟု ယုံကြည်သည်။ ထို့ကြောင့် “သတ်မှတ်” ဖို့က ပထမ လူထုလက်ခံပြီး နားလည်အောင် ကြိုးစားဖို့က ဒုတိယဦးစား ပေးသင့်သည်ဟု မြင်ပါသည်။ … (စာ ၃၁) မှ
ဆလိုင်းဖွန်ကားရ်ထန်၏ ချင်းဘုံစကား သတ်မှတ်ရန် နည်းစနစ်သစ်ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
ချင်းအမျိုးသားနေ့သည် လေးနက်သောအဓိပ္ပါယ်၊ ပြည့်ဝသောအနှစ်သာရ၊ ခိုင်လုံသော သမိုင်းနောက်ခံ ရှိနေပါသော် လည်း စည်းလုံးညီညွတ်ရေးကို မရှုစိမ့်လိုသူများ၏ စုံစမ်းနှောက် ယှက်ခြင်း အမျိုးမျိုးကို ခံရပါသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဥပက္ခာပြုသော ပါလီမန်အရင်းရှင်ခေတ်တွင် ပဒေသရာဇ် အကြွင်းအကျန်များသည် “ချင်းအမျိုးသားနေ့” အောင်ပွဲကို လိုလားနှစ်သက်ခြင်း မရှိသည်နှင့် အညီ ၁၉၅၆-၅၇ ခုနှစ်တွင် ချင်းအမျိုးသားနေ့ကို ဖျက်သိမ်းရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် ချင်းပြည်သူလူထု တရပ်လုံး ချင်းနိုင်ငံရေးသမားများနှင့် ရန်ကုန်တက္ကသိုလ်ရှိ ချင်းကျောင်းသား များက ဆန္ဒပြကန့်ကွက်ခဲ့သဖြင့် မဖျက်သိမ်းဖြစ်ခဲ့ချေ။ ချင်းအမျိုးသားများ စည်းလုံးညီညွတ်စွာဖြင့် နယ်ချဲ့ကို တော်လှန်ခဲ့သော ရဲရင့်တောက်ပြောင်သည့် သမိုင်း၏ ရောင်ပြန် ဟပ်မှု၊ ချင်းပြည်သူတို့၏ မွန်မြတ်သော ပြည်ထောင်စုစိတ်ဓါတ်ကို ထိန်းသိမ်းလိုသည့်ဆန္ဒ ပြင်းပြမှုတို့ကြောင့် “ချင်းအမျိုးသားနေ့” သည် ယနေ့တိုင် တည်တံ့ခိုင်မြဲခြင်းဖြစ်သည်။ … (စာ ၃၉) မှ
ဆလိုင်းလျန်မှုန်း၏ ချင်းအမျိုးသားနေ့ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
ကျွန်တော်သည်ငယ်စဉ်က အမေရိကပြည်ထောင်စု၏ သမ္မတတဦး ဖြစ်လာသော အဗရာဟင် လင်ကွန်း၏ အတ္ထုပတ္တိကို ဖတ်ရစဉ် လင်ကွန်းသည် ခုနစ်မိုင်ခရီးကို ခြေကျင်သွား၍ ကျောင်းတက်ခဲ့သည်ဟူသော အကြောင်းကို ဖတ်ခဲ့ရဖူးပါ၏။ ထိုစဉ်က ကျွန်တော် လင်ကွန်းကို ချီးကျူးခဲ့မိသည်။ ယခုကား ပြန်လည် စဉ်းစားရလေပြီ။ လင်ကွန်းတို့ ခေတ်တွင် မော်တော်ကားများ မပေါ်သေး။ ယနေ့ခေတ်တွင်ကား ရန်ကုန်မြို့ကြီး၌ ကားမျိုးစုံနေလေပြီ။ ဇိမ်ခံကား၊ ဘတ်စ်ကား၊ တက်စီမှအစ ကားမျိုးစုံထွန်းကား သောခေတ်။ သည်လိုခေတ်မျိုး တွင် ဆယ့်လေးငါးမိုင် တောင်ဆင်းတောင်တက်ခရီးကို အပတ်စဉ်ရိက္ခာ ထုပ်ကို ထမ်းပိုးလျက် ကျောင်းတက်နေကြရသော ချင်းလူငယ်တို့ကို ကျွန်တော်သည် လင်ကွန်းထက်ပင် ချီးကျူးမိပါလေတော့သည်။ … (စာ ၅၀) မှ စာရေးဆရာ မင်းကျော်၏ ချင်းပြည်နယ်က လူငယ်များ ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
ဥပမာအားဖြင့် တန်ဇန်းနီးယားနိုင်ငံတွင် ဆွာဟီလီကို ဘုံအဖြစ် သတ်မှတ်သကဲ့သို့ သတ်မှတ်ရပေလိမ့်မည်။ မည်သည့် ဒေသသန္တရစကားကို ဘုံစာပေအဖြစ် သတ်မှတ်ရမည် ဟူသည်ကား ဘာသာစကားသက်သက်ကို ကြည့်၍မရတော့။ သမိုင်းကြောင်းနှင့် တကွ အနာဂတ်ကိုပါ ကြည်လင်စွာ မြင်တတ်ရပေမည်။ သတ်မှတ် လိုက်သည့် ဘုံစာပေသည် ရုံးသုံး၊ ကျောင်းသုံး၊ ဖြစ်မလာသည့်တိုင် ချင်းလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုသစ်ကို ဖွင့်လှစ်မည့်သော့ချက် အခရာပင် ဖြစ်လိမ့်မည်။ … (စာ ၅၅) မှ ဆလိုင်းသူမွှီး၏ ချင်းပြည်သူတို့၏ ဘုံစာပေဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
သူတို့သည် အိမ်ထောင်ရေး အကြောင်းကိုသာ ဦးစားပေး ပြောဆိုကြလေသည်၊ “အိမ်က အဘိုးကြီးကို ကြည့်မရတဲ့ အကြောင်း အမြဲစိတ်ညစ်ရတဲ့အကြောင်း” တယောက်ကပြောသည်၊ တယောက်ကတော့ “ငါသိရသလောက်တော့ တခြားဒေသတွေမှာ ဒီလိုစေ့စပ်မှုမျိုးမရှိဘူးတဲ့။ တို့ဆီမှာတော့ မိန်းကလေးက ဆုံးဖြတ် ပိုင်ခွင့်၊ ပြောပိုင်ခွင့်တွေ မရှိဘူး။ ခွေးနှင့် ၀က်သာသာပဲကွာ၊ ထိုင်ဆို ထိုင်၊ ထဆိုထရတဲ့ ဘ၀မှာ နေရတာစိတ်ညစ်လာပြီ” စသည်ဖြင့် သူတို့ခံစားချက်ကို သူတို့ ထွက်ဆိုသွားကြသည်။ … (စာ ၆၃) မှ
ဆလိုင်းဂေဟာ သိန်းထန်းနိုင်း (မင်းတပ်) ၏ ဟန်တို့၏ စေ့စပ်မင်္ဂလာ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
ကျွန်တော်တို့ ဒီနေ့ လူငယ်မျိုးဆက်သစ်တွေ အပူတပြင်း ဆောင်ရွက်နေတဲ့ “ညီညွတ်ရေး တည်ဆောက်မှုတွေဟာ ဘယ်သူ့အတွက်လဲ၊ ဒီနေ့ခေတ်မျိုးဆက်သစ်တွေအတွက် ဆိုတာထက် အဓိကအားဖြင့် လာလတ္တံ့သော ချင်းလူ့အနွယ်ဆက် တွေရဲ့ အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ ဆိုယင် ပိုမိုမှန်ကန် ပါလိမ့်မယ်။ အခုကျွန်တော်တို့ အပင်ပန်းအဆင်းရဲခံပြီး စိုက်ပျိုးနေတဲ့ ပန်းသီးပင်တွေက အသီးအပွင့်တွေဟာ ကျွန်တော်တို့ စားသုံးဖို့ဆိုတာထက် အနာဂတ်ချင်းလူ့အနွယ်ဆက်တွေအတွက်လို့ ပြောယင်ပိုပြီး မှန်ကန်ပါလိမ့်မယ်။” … (စာ ၇၀) မှ
ဆလိုင်းကစ် (ပ်) (ချင်းပြည်) ၏ သမိုင်း စာမျက်နှာသစ် ချယ်မှုန်းကြစို့ ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
တိုင်းရင်းသား ဘာသာစကားတို့ကို တတ်မြောက်ကြခြင်း ဖြင့် တဦးအကြောင်းကိုတဦး သိနားလည်ပြီး တိုင်းရင်းသား သွေးစည်းညီညွတ်မှု၊ ပြည်ထောင်စုစိတ်ဓါတ်ပြည့်ဝမှု၊တိုင်းရင်းသား အချင်းချင်း ရိုင်းပင်းကူညီမှုစသော အကျိုးတရားများ စည်ပင်ဖွံ့ထွား တိုးတက်ကြီးပွားလာမည်သာဖြစ်ပါသည်။ …(စာ ၈၀) မှ
သားဦး (ရှမ်းပြည်)၏ ချင်းဘာသာစကားကျမ်းများဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
တကယ်ဆို … နူသဲဟာ အမိချင်းမြေမှာနေပြီး တိုင်းပြည်ရဲ့ သားကောင်းရတနာဖြစ်တဲ့ ဆလိုင်းကို အလွမ်းတွေနဲ့ အဖော်ပြုယင်း ဂုဏ်ယူနေရသူပါ။ အလျင်ကလည်း ဂုဏ်ယူခဲ့သလို၊ အခုလည်းဂုဏ်ယူနေဆဲပါ၊ ပြီးတော့ နောင်လည်း ဂုဏ်ယူနေအုံး မှာပါ ဆလိုင်းရယ်။ ဒါပေမယ့် ချင်းမျိုးဆက်သစ်တွေကကော ဆလိုင်းကို ဂုဏ်ယူနိုင်ကြအုံးမှာလား၊ နူသဲကို ထည့်မတွက်ပဲ ချင်းမျိုးဆက်နွယ်သစ်အတွက် စဉ်းစားစမ်းပါ ဆလိုင်းရယ် …။ … (စာ ၉၂) မှ
မိုင်မကြည် (မတူပီ) ၏ ဂုဏ်ယူပါတယ် ဆလိုင်းရေ ၀တ္ထုတို …မှ။
ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂
“ကျွန်တော်တို့ ပညာသင်ကြားနေတာကို လူကြီးမင်းက ကိုယ်လွတ်ရုန်းဖို့ သက်သက်အတွက် အသုံးချစေချင်သလား၊ လူမျိုးတမျိုး ဖြစ်ပါလျက်နဲ့ ညီအစ်ကိုမှန်းမသိတဲ့ဘ၀ကို လူကြီးမင်းက ဒီလိုပဲ ကြည့်ရက်သလား၊ စာပေပျောက်ယင် လူမျိုးပါပျောက် တယ်ဆိုတာ လူကြီးမင်း မကြားမိဘူးလား” ဆိုပြီး မေးချင်လှသည်။ သို့သော် ဘာမှမမေးဖြစ်။ မေးရန်လည်း လိုမည်မထင်သောကြောင့် ဖြစ်၏။ ဒီလောက်ပညာတတ်ပြီး ချင်းပြည်နှင့် ချင်းအမျိုးသားရေးကို လှည့်မကြည့်ပဲ ကိုယ်လွတ်ရုန်းကတည်းက သူဘယ်လိုလူလဲဆိုတာ သိထားပြီပဲ မဟုတ်ပါလား။ … (စာ ၁၁၄) မှ
… ဤတောင်တန်းမှ ပြည်သူများသည် ဘ၀ကို အိပ်မက်မက်နေသူများမဟုတ်၊ ဘ၀ကို လည်စင်းခံပြီး အရှုံးပေးသူများလည်း မဟုတ်ကြပေ။ လူသားပီသစွာ ရပ်တည်နိုင်ရေးအတွက် သဘာဝလောကကြီးကို အနီးကပ်ဆုံးတိုက်ပွဲဝင်သူများ ဖြစ်ကြသည်။ စုစည်းညီညွတ်သော ပြည်သူတို့ လုပ်အားဖြင့် သဘာဝတရား ၏ မူလဖန်တီးမှုကို တနေ့ အနိုင်ယူရမည်ဟု လုံးဝယုံကြည်သည်။ စုစည်းညီညွတ်သော ပြည်သူတို့၏ စွမ်းအားကို မည်သည့်အရာကမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ … (စာ ၁၁၇) မှ
ဆလိုင်းမှုံး၏ ကျောချမ်း၍ ရင်ပူသောည ၀တ္ထုတို … မှ။

ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (3)

ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
ကျွန်တော်တို့မြန်မာနိုင်ငံတွင် မြန်မာစာပေသည် ရုံးသုံးဘာသာစကား ဖြစ်သကဲ့သို့ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးအသီးသီးက လက်ခံသုံးစွဲနေသော အများသုံးစာပေလည်း ဖြစ်သည်။ ဤသို့ တစ်ခုတည်းသော စာပေသုံးစွဲခြင်းကြောင့် တိုင်းရင်းသားလူမျိုးစု အသီးသီးတို့သည် တစ်ဦး၏ဓလေ့ထုံးစံ ယဉ်ကျေးမှုဘာသာစကားကို ကျန်တစ်ဦးက

သိရှိနားလည်နိုင်ရန် လေ့လာနိုင်ရန်
တင်ပြနိုင်ခဲ့ကြသည်။ ဖော်ထုတ်နိုင်ခဲ့ကြသည်။ ဤသို့အားဖြင့် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှု ထုံးစံဓလေ့များကို အပြန်အလှန်အားဖြင့် နားလည်သဘောပေါက်လေးစားကာ အကျိုးတူကိစ္စရပ်များတွင် စည်းလုံးညီညွှတ်စွာ
ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြသည်။ ဤသည်ကို မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းက သက်သေခံလျက် ရှိပေသည်။ ဤသည်မှာ တစ်ခုတည်းသော စာပေကို အသုံးပြုခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးတစ်ရပ်ပင် ဖြစ်သည်။ … (စာ ၅) မှ
အရေးကြီးဆုံးသော အချက်မှာ ချင်းအမျိုးသားများ၏ တစ်ခုတည်းသော စာပေ
ရွေးချယ်ရေးကဏ္ဍပင်ဖြစ်သည်။ ဤကဏ္ဍ တွင် နှစ်ပိုင်းရှိပေလိမ့်မည်။ အသစ်ဖော်ထုတ်ရေး အပိုင်းနှင့် ရှိပြီးသား ချင်းမျိုးနွယ်စုတို့၏ စာပေကို လက်ခံသုံးစွဲရေး အပိုင်းဖြစ်သည်။ … (စာ ၇) မှ ဆလိုင်းအောင်လှ၏ ချင်းအမျိုးသားများ၏ တစ်ခုတည်း သော စာပေဖော်ထုတ်ရေး ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
ဤကဲ့သို့ ချင်းမျိုးချစ်တပ်များသည် အင်္ဂလိပ်တို့ကို ပြန်လည်ခုခံတိုက်ခိုက်ရန် ဆယ်လုမ်းခံတပ်တွင် အခိုင်အမာ တပ်စွဲ ထားကြောင်း နယ်ချဲ့အင်္ဂလိပ်တို့ သိသောအခါ ဆယ်လုမ်းခံတပ်သို့ လူတစ်ယောက် စေလွှတ်ပြီး စစ်ပြေငြိမ်းရန် စကားကမ်းလှမ်းစေ သည်။ ထိုအခါ ချင်းမျိုးချစ်တို့ကလည်း ]]ငါတို့သည် မင်းတို့ လက်အောက်သို့ ကျွန် မခံနိုင်ပါ}} ဟု စကားပြန် ကြားလိုက် လေသည်။ အင်္ဂလိပ်တို့ကလည်း ရက်ချိန်းပေးလိုက်ပြီး တိုက်ခိုက် ချေမှုန်းပစ် မယ်ဟု ကြုံးဝါးပြန်လေသည်။ ဤတွင် ချင်းမျိုးချစ် များကလည်း ]]အမြန်ဆုံးလာတိုက်ကြပါ။ ငါတို့ကလည်း မင်းတို့ကို သတ်ပစ်ချင်လှ ပါပြီ}} ဟု စကားပြန်ကြားလိုက်လေသည်။ …(စာ ၁၀) မှ ဆလိုင်းဝီလျံချန်ခိုလျံ၏ ချင်းမျိုးချစ်ရဲဘော်တို့၏ နောက်ဆုံးခံတပ်ကြီး ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
ရောမအက္ခရာတင် ချင်းစာပေသည် ချင်းလူ့အဖွဲ့ အစည်း၏ တိုးတက်မှုကို များစွာ အထောက်အကူပြုခဲ့သည်ကိုကား အသိအမှတ်ပြုခဲ့ပေမည်။ သို့ရာတွင် ပြည်ပနယ်ချဲ့ ကိုလိုနီ ကျွန်သဘောက်ဘ၀မှ လွတ်မြောက်ပြီး၍ ဆယ်စုနှစ်သုံးစုအထိ ဖြတ်သန်းခဲ့ပြီးဖြစ်သော်လည်း၊ ချင်းလူ့အဖွဲ့အစည်းသည် တကွဲတပြားစီ ဖြစ်နေသော ချင်းစာပေခေတ်မှ တစ်ခုတည်းသော ]]ဘုံစာပေ}} ခေတ်ဆီသို့ ယနေ့ထက်တိုင် မတက်လှမ်းနိုင်ခဲ့သဖြင့် ချင်းလူ့အဖွဲ့အစည်း၏ သမိုင်းလမ်းကြောင်းသည် ထစ်ငေါ့ကွေ့ ကောက်လျက်၊ ချောမွတ်ပြေပြစ်ခြင်း မရှိနိုင်ခဲ့ပေ။ ဤသည်မှာ ချင်းလူ့အဖွဲ့အစည်း၏ ကြီးမားသော ]]ဟာကွက်}} တစ်ရပ်ပင် ဖြစ်ပေသည်။ … ]]ဘုံစာပေ}} ဖော်ထုတ်ရေး ]]စာပေတော်လှန်ရေး}} တည်းဟူသော စာပေတာဝန်ကို ကျွန်ုပ်တို့ လျစ်လျူရှုထားခဲ့ကြလျှင် သမိုင်းသည် ကျွန်ုပ်တို့အား ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။ စာပေလှုပ်ရှားမှုမရှိလျှင် မည်သည့် စာပေမှ မရှင်သန်နိုင်ပေ။ … (စာ ၁၂-၁၃) မှ ဆလိုင်းကစ်(ပ်) (ချင်းပြည်) ၏ စာပေသစ်၏ အရုဏ်ဦးကာလ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
ရိုးမ၏ ဆိုးဝါးသောသဘောဝါဒကား တောတောင် ထူထပ်မြင့်မား၍ လမ်းပန်းဆက်သွယ်မှုကို ခဲယဉ်းစေခြင်း၊ စိုက်ပျိုးရေး ညံ့၍ စားဝတ်နေရေးကို မဖွံ့ဖြိုးစေခြင်း၊ အဓိက ထိုနှစ်ချက်ကြောင့်၊ ချင်းအမျိုးသားတို့သည် ရိုးမ၏ ချယ်လှယ်ဖိနှိပ်မှုကို ခံနေကြရသည်။ ၎င်းင်းကို အခြေခံ၍လည်း တစ်မျိုးတစ်နွယ်တည်းသော အမျိုးချင်း သားတို့ အစုစုကွဲကြသည်။ ဘာသာစကား ကွဲကြသည်။ ရိုးရာဓလေ့ ထုံးစံကွဲကြသည်။ ချင်းအမျိုးသားမှန်းမသိအောင် ပတ်ဝန်းကျင် လွှမ်းမိုးမှုကို ခံကြရသည်။ ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေ၍၊ မညီမျှသော ဖွံ့ဖြိုးမှုဖြစ်လာသည်။ အချုပ်အားဖြင့် ရိုးမကြောင့် ချင်းအမျိုးသားတို့ ကွဲပြားကြသည် စည်းရုံးမှု ကင်းလာသည်၊ ဆင်းရဲ နွမ်းပါးမှု ခံစားနေရသည်။ …
(စာ ၂၃) မှ ဆလိုင်းအိုက်ဆွေ (ပလက်ဝ)၏ ရိုးမကို တော်လှန်ကြစို့ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
လူဦးရေနည်းပါးလှသော ဤဒေသတွင် ဘာသာစကား နှင့် လူမျိုးစု ဤမျှ အမျိုးအမည်များပြားနေသည်မှာ ကောင်းသော လက္ခဏာ မဟုတ်ပါချေ။ ချင်းပြည်တစ်ခုလုံး၏ နယ်မြေနှင့် လူမျိုး တိုးတက်ရေးအတွက် သစ္စာရှိသော၊ သတ္တိရှိသော၊ တော်လှန်သော၊ အမြော်အမြင်ကြီးသော ချင်းအမျိုးသား
အမျိုးသမီးတို့ ကြိုးပမ်းရမည့် ညီညွှတ်ရေးလမ်းစဉ် (၂) ခုကို တင်ပြလိုပေသည်။ ယင်းတို့မှာ – (၁) နယ်မြေရောနှော လက်ထပ်ခြင်း (ူသခေူ ဃမသျ မြေမငေါန) (၂)
ဘုံဘာသာစကားကို တီထွင်ခြင်း (ဃမနအေငညါ ဃသာာသညူညေါကေါန)။ နယ်မြေရောနှော လက်ထပ်ခြင်း (ူသခေူ ဃမသျ မြေမငေါန) ဆိုသည်မှာ တီးတိန်နယ်မှ အမျိုးသားနှင့် ဖလမ်းနယ်မှ အမျိုးသမီးတို့ လက်ထပ်ခြင်း၊ ဟားခါး၊ အရှိုနယ်မှ အမျိုးသားနှင့် မင်းတပ်နယ်မှ အမျိုးသမီးတို့ လက်ထပ်ခြင်း၊ ကန်ပက်လက်နယ်မှ အမျိုးသားနှင့် မီဇို (လူရှိုင်း) မှ အမျိုးသမီးတို့ လက်ထပ်ခြင်းကို
ဆိုလိုပါသည်။ … (စာ ၂၉) မှ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အထဲတွင် ဘာသာစကား ဆက်သွယ်မှုခက်ခဲခြင်းသည် ချင်းလူမျိုးတို့၏ တိုးတက်မှုဖြစ်စဉ်ကို ဟန်တားနှောက်ယှက်နေသော မလိုလားအပ် သည့် မဟာစိန်ခေါ်သံပင်ဖြစ်ပေသည်။ … (စာ ၃၁) မှ ဆလိုင်းဟန်လင်း၏ ချင်းအားလုံး ညီညွတ်ရေး လမ်းစဉ်နှစ်ခု ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
အမှန်မှာတော့ ငါတို့ ချင်းနွယ်စုများဟာ တအူတုံဆင်း ညီရင်းအစ်ကိုယ်တွေပဲ၊ ရေမြေတောတောင် ပထ၀ီအနေအထား များနှင့် သမိုင်း အခြေအနေကလေးများကြောင့်သာလျှင် ဘာသာစကားကွဲပြား၊ အယူအဆများအနည်းငယ် ကွဲပြားလာခြင်း ဖြစ်ပါတယ်။ အားလုံးဟာ ၀ိုင်းဝန်းပြီး အမိချင်းပြည်နယ် တိုးတက်ဖွံဖြိုးဖို့အတွက် ဆောင်ရွက်သင့်ပါတယ်။ ]]နွားကွဲလျှင် ကျားကိုက်}} ဆိုသလို စည်းလုံးညီညွတ်မှု မရှိလျှင် တီးတိန်၊ ဖလမ်း၊ ဟားခါးစသဖြင့် ကိုယ့်နယ် ကိုယ့်အမျိုးအတွက်ကိုသာ လုပ်ဆောင်ကြမည်ဆိုလျှင် တိုးတက်မှုလည်း ရနိုင်မည်မဟုတ်ပါ။ … (စာ ၃၆) မှ ရာဆူး (ကြေးမုံနောက်ဆုံးပေါ်) ၏ အတ္တအိပ်မက် ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
ခေါင်ဆိုင် (ခေါ်) သတိုးချင်းတိုင်းရင်းသားများကို (က) ခေါင်ဆိုင်၊ (ခ) ကူကီး၊ (ဂ) ထာဒို၊ (ဃ) သတိုးဟူ၍ အမျိုးမျိုး ခေါ်တွင်ခဲ့ကြပေသည်။ ခေါင်ဆိုင်ဟူသော အမည်ကို မဏိပူရ (ကသည်း) လူမျိုးတို့က ခေါ်တွင်ခဲ့ကြပြီး သွက်လက်ချက်ချာ၍ ရဲရင့်သော လူမျိုးဟု အဓိပ္ပါယ်ရပေသည်။ ကူကီးဟူသော အမည်ကိုမူ င်္ဂလိပ်များက ခေါ်တွင်ခဲ့ကြပြီး ခြေတံရှည်၍ သွက်လက်သော လူမျိုးဟု အဓိပ္ပါယ်ရကြောင်း သိရှိရပေသည်။ ထာဒိုဟူသော အမည်ကို တီးတိန်ချင်းတိုင်းရင်းသားများက ခေါ်တွင်ခဲ့ကြပါသည်။ …(စာ ၃၇) မှ တမူး (မောင်နွယ်သန်း) ၏ ခေါင်ဆိုင် (ခေါ်) သတိုး ချင်းတိုင်းရင်းသားများ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
လမ်းပန်းဆက်သွယ်ရေး မကောင်း၍ ဆက်ဆံမှု ထင်တိုင်း မပေါက်သော်လည်း ချင်းစာပေ ဖော်ထုတ်မြှင့်တင်ရေး လုပ်ငန်းကို ထိထိရောက်ရောက် ချင်းအမျိုးသားများ အနေဖြင့် ဆောင်ရွက် လုပ်ကိုင်လာမည်ဆိုလျှင်၊ ချင်းစာပေနှင့် ရေးသားသော မဂ္ဂဇင်း၊ ဂျာနယ်၊ စာအုပ်မျိုးစုံ ထုတ်ဝေလာမှုကြောင့် တနယ်နှင့် တနယ်^တမျိုးစုနှင့်တစု အသိအမြင်ချင်း ဝေငှလျက် ညီညွတ်ရေး အတွက် လှုံဆော်သတင်းပါးနိုင်ကြပြီး ခိုင်မာသော စည်းလုံး ညီညွတ်မှုနှင့် မှန်ကန်သောအမျိုးသားစိတ်ဓါတ်များကို တည်ဆောက် ရယူနိုင်မည်ဖြစ်၍ စာပေလှုပ်ရှားမှုကို အမျိုးသားရေးလှုပ်ရှားမှု တရပ်အဖြစ် အလျင်မြန်ဆုံး လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုပါ၏။ … (စာ ၄၃) မှ စာရေးဆရာမဟင်္သာတရှင်နှောင်း၏ ဖွံ့ဖြိုးတိုးတက် နေသော ချင်းအမျိုးသားများ ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
]]ဒါသိပ်ထောက်ခံတယ်၊ ဒို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာ အောင် ပြည်နယ်သားတွေဟာ အရင်ကထက် အလုပ်နှစ်ဆမက ဆယ်ဆလောက် ကြိုးစားလုပ်ရမယ်။ အဲဒီလိုပဲ တဘက်က အစိုးရကလဲ ယခင်ကထက် နှစ်ဆ သုံးဆမက ဆယ်ဆလောက် အထိ ရင်းနှီးမြှုပ်နှံပြီး ပိုမိုလုပ်ဆောင်ပေးဖို့ လိုလိမ့်မယ်၊ လိုအပ်ချက်တွေ အခုသိပြီးပြီဆိုတော့ …။}} … (စာ ၅၈) မှ နီးစုပေါင်နိုး (တီးတိန်) ၏ တာဝန်ကိုယ်စီရှေ့သို့ချီ ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
ဒုတိယအချက်အနေဖြင့် ချင်းပြည်နယ်နှင့် ချင်း အမျိုးသားများ၏ ရှေ့လုပ်ငန်းစဉ်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် အားသွန်ခွန်စိုက်ဆောင်ရွက်သင့်သည်ဟု ယူဆပေ သည်။ ကိုလိုနီနယ်ချဲ့တို့က မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်စိုးသည့် အချိန်တွင် ချင်းပြည်နယ်မှာ
တရွာနှင့်တရွာ စည်းရုံးလှုပ်ရှားမှု မပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သွေးခွဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ပေသည်။ ထို့ကြောင့် ချင်းလူမျိုးအချင်းချင်း စည်းရုံး လှုပ်ရှား၍ ဗြိတိသျှနယ်ချဲ့ကို မတော်လှန်နိုင်ရန် လမ်းပန်း ဆက်သွယ်ရေးကို လုံးဝဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။ လမ်းပန်း ဆက်သွယ်ရေး ညံ့ဖျင်းမှုကြောင့် ချင်းပြည်နယ်တွင် စကားပေါင်း (၄၄) မျိုးကျော် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ … (စာ ၆၃) မှ ရောဘတ်ရှန်လျန်း၏ ချင်းပြည်နယ်နှင့် ချင်းကျောင်းသားများ၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၇၇-၇၈
ကျွန်တော်လဲ ကျွန်တော်တို့ ချင်းတွေဟာ တမိထဲက ပေါက်ဖွားလာတဲ့ အမျိုးအနွယ်တွေဖြစ်ကြတယ်။ အောက်ကျတယ်၊ အထက်ကျတယ် မခွဲခြားသင့်ဘူး၊ တောင်ယာလုပ်ပေမယ့် သူတို့မှာ အဆင့် ခွဲတဲ့အမြင်မရှိဘူး။ ရိုးသားကြတယ်။ စိတ်အခြေအနေအတိုင်း နေထိုင်ကြတယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ ဟန်ဆောင်မှု မရှိဘူး။ ဘ၀ကို တောင်ယာမှာ မြှုပ်နှံထားတာကြောင့် ပျော်စရာ ကောင်းတယ်။ ကြောင့်ကြတောင့်တနေစရာ မလိုဘူး။ မရှိတာကို ရှိသယောင် ပြောနေစရာ မလိုဘူး။ မရယ်မပြုံးချင်ပဲနဲ့ ရယ်ပြုံး နေစရာမလိုဘူး။ စိုးရွံ့နေစရာမလိုဘူး။ ]]ဒါတွေမှာ သူတို့ ကျွန်တော်တို့ထက်သာ ကြပါတယ် အမေရယ်}} လို့ ကျွန်တော် တရားချမိတယ်။ … (စာ ၆၈) မှ ဆလိုင်း ရွှေအေးမြင့်၏ ကျွန်တော် တော်လှန်ရေးသမား စာညွှန့် …မှ။

ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (2)

 ချင်းမဂ္ဂဇင်း ၁၉၇၃-၇၄
“ယနေ့ချင်းပြည်နယ်သည် မနက်ဖြန်အတွက် ဘာတွေများလုပ်နေသနည်း။” “ချင်းပြည်မှာ လူဖြစ်လာတာ သိပ်ကံဆိုးတယ်ဗျာ၊ တွင်းထွက်သတ္တုဆိုလဲ ဘာမှမရှိ၊ စက်ရုံအလုပ်ရုံဆိုလဲ နတ္ထိဘဲ မက်မောစရာ တွယ်တာစရာဆိုလို့ ဘာမှမရှိဘူး” ဤသို့သော ငြီးတွားသံများကို လူကြီးရော လူငယ်ဆီကပါ မကြာခဏ

ကြားနေရ သည်။ တကယ်ပင် ချင်းပြည်တွင် လူဖြစ်လာတာ ကံဆိုးသလော။ ဤအဆိုကို လက်ခံသင့်ပါသလား။ စက်ရုံအလုပ်ရုံ၊ တွင်းထွက်သတ္တု၊ မက်မောစရာ တွယ်တာစရာတို့ နတ္ထိဆိုတာကော မှန်ကန်ပါ ၏လော။ ဤမေးခွန်းများက ယနေ့ ချင်းလူငယ် လူရွယ်များဆီမှ အဖြေကို ဆက်ခါဆက်ခါ တောင်းဆိုနေပေပြီ။ … (စာ ၁၈၆) မှ
ကျွန်တော်တို့တွင် စာပေရှိလာသည်မှာ နှစ်ပေါင်း ၆၀ ကျော် ၇၀ ခန့်သာ ရှိသေး၏။ တိုတောင်းသောနှစ်များအတွင်း ဘွဲ့ရဦး ရေ ၅၀၀ကျော်၊ သင်တန်းတက်နေဆဲ ၈၀၀ ခန့်၊ မဟာ ၀ိဇ္ဇာဘွဲ့ရ ၂၀ ခန့်၊ ပါရဂူဘွဲ့ရ ၆ ဦး စသဖြင့် ဤမျှလျင်မြန်စွာ တိုးတက်လာ နိုင်ခြင်းက ချင်းလူမျိုးဟူသည် တီထွင်ကြံဆ တတ်သောလူမျိုး၊ ခေတ်နှင့်အမီ လိုက်နိုင်သောလူမျိုး၊ ဥာဏ်ပညာ ထက်မြက်သော လူမျိုး၊ ပြောင်းလဲတိုးတက်မှုကိုလိုလားသော လူမျိုးဖြစ်ကြောင်းကို ပြ၏။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင် ကျော်မှစ၍ စာပေ ယဉ်ကျေးမှု ထွန်းကားလာခဲ့သော လူမျိုးများနှင့် ယှဉ်နိုင်၏။ … (စာ ၁၈၇-၁၈၈) မှ ရွှေခွားမိုးလင်း၏ တိုက်ပွဲခေါ်သံ ဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၇၃-၇၄ထို့အတူ ကျွန်တော်တို့ ချင်းလူမျိုးတွင်လည်း စာပေ မထွန်းကားခဲ့သော ဘိုးဘေးများ လက်ထက် မဆိုထားဘိ။ ယခုထက်တိုင် ဒိုင်ယာရီရေးခြင်း အလေ့အထ မထွန်းကားသေးရကား ချင်းလူမျိုးများ၏သမိုင်းသည် မယ်မယ်ရရ လက်ဆုပ်လက်ကိုင်မရှိသော ဒိုင်ယာရီဆန်ဆန်ဖြင့် မည်မျှကြာ ရေစုန်မျှောနေဦးမည် မသိပေ။တောတောင်များဖြင့်သာ ပြည့်နှက်၍ လွန်စွာမှ ကြမ်းတမ်းခက်ထန်သော အမိချင်းတောင်တန်းကြီးတွင် လူတလုံးသူတလုံးအဖြစ် နှစ်ရှည်လများ ရပ်တည်နိုင်စွမ်းသော ချင်းလူမျိုး၏ သမိုင်းသည် တချိန်က ထွန်းပြောင်ခဲ့ရမည်မလွှဲ။ သို့သော်သမိုင်းအထောက်အထားပြစရာ ဘာများမယ်မယ်ရရ ရှိပါသနည်း။ ကြီးမားလှသော ရင်နာဖွယ် ဆုံးရှုံးမှုကြီးတစ်ရပ် မဟုတ်ပါလော။ (စာ ၁၉၅) မှ ပေါင်ပီး (ဖလမ်း) ၏ သင်ရေးသောသမိုင်းမှတ်တမ်း လွှာဆောင်းပါး …မှ။
ချင်းမဂ္ဂဇင်း ၁၉၇၃-၇၄
နံနက်မိုးလင်းမှ နေ၀င်မိုးချုပ်အထိ တစ်နေကုန် တစ်နေခမ်းနှင့် တောင်ယာကို တစ်သက်လုံး လုပ်ကိုင်ပါလျက် မည်သည့်အခါမျှ ပိုပိုလျှံလျှံရသည်မရှိ၊ ၀မ်းစာအတွက်ပင် လုံလုံ လောက်လောက်မရနိုင်ရှာသော ပြည်နယ်လူဦးရေ၏ ၉၅ရာခိုင်နှုန်းမျှသော တောင်သူလယ်သမားတို့၏ အခြေခံစားဝတ်နေရေး ဖူလုံမှုရှိအောင် ကြိုးပမ်းဆောင်ရွက်ထားခြင်း၊ နည်းသစ်လမ်းသစ်များ ရှာဖွေခြင်းနှင့် ဘိနပ်မပါ အ၀တ်ဗလာနှင့် မိဘသွားရာ တောင်ယာ လိုက်ပြီး မိုးထဲလေထဲ မြက်နုတ်ရသော ဘ၀မျှော်လင့်ချက်ဟူ၍ မရှိလှသည့် ထောင်ချီမည့် လူငယ်လူရွယ် လူမမယ်များ၏ ဘ၀ ပြဿနာ ဖြေရှင်းပေးနေခြင်း အစရှိသည်တို့လည်း မတွေ့ရသေး။ … (စာ ၁၉၇) မှ ရဲဘော် ဂင်ဇဒိုး၏ ၀ိသေသတိုင်းမှ ပြည်နယ်သို့ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၇၃-၇၄
သို့ဖြစ်ရခြင်းမှာ ဗုဒ္ဓဘာသာဝင် အရှိုချင်းများက ဗုဒ္ဓယဉ်ကျေးမှုကို လက်ခံ၍ ခရစ်ယာန်ဘာသာဝင် အရှိုချင်းများက ခရစ်ယာန်ယဉ်ကျေးမှုကို လက်ခံသောကြောင့် ဖြစ်ပါသည်။ ဤသို့ ပြောခြင်းမှာ အကြောင်းမဲ့မဟုတ်ပါ။ ကျွန်တော့်အဖိုးသည် ဗုဒ္ဓဘာသာဖြစ်သောကြောင့် သူ၏ အသက်မျှရှိသော အရှို အဖိုးကြီး တိုင်းကသိသည့် မျိုးနွယ်စဉ်လိုက် (ခွန်ခွန်) ကို မသိပါ။ ကျွန်တော်က အခြားဆွေမျိုးတစ်ဦးထံမှ ရေးမှတ်ထားရပါသည်။ ယုံကြည်ကိုးကွယ်သည့်ဘာသာတရားနှင့် ယဉ်ကျေးမှု အစဉ်
အလာကို မရောထွေးသင့်ပါ။ ခွဲခြား၍ နားလည်သင့်ပါပြီ။ … (စာ ၂၀၀-၂၀၁) မှ ဆလိုင်းတင်အေး၏ ချင်းစာပေ၊ ယဉ်ကျေးမှုနှင့် ရှေ့သို့အမြင် ဆောင်းပါး …မှ။

ချင်းမဂ္ဂဇင်း ကောက်နှုတ်ချက်များ (၁)

 (ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈)
“အရှို″ ချင်းတို့၏ ပြောဆိုသော ဘာသာစကားသည် ချင်းဝိသေသတိုင်းရှိ ချင်းတို့၏စကားများနှင့် တူညီသည်ကိုတွေ့ရ၏။ တနယ်တွင်ရှိသော စကားနှင့်မတူပါက အခြားတနယ်တွင်ရှိသော စကားနှင့် တူညီနေ၏။ အထူးသဖြင့် မင်းတပ်နယ်ဖက်မှ ချင်းတို့၏ စကားနှင့် များစွာတူညီနေသည်ကို တွေ့ရပါသည်။

ဤသို့ဘာသာ စကားတူညီနေမှုကို ထောက်ရှုခြင်းအားဖြင့် “အရှို″ ချင်းများသည် ချင်းဝိသေသတိုင်းမှ ဆင်းသက်၍ မြေပြန့်သို့ ရောက်ရှိလာကြ သည်ဆိုသော အဆိုကို များစွာထောက်ခံနိုင်စရာရှိပေသည်။ … (စာ ၃-၄) မှ ဆလိုင်းစောဖေ (ရန်ကုန်တက္ကသိုလ်) ၏ ချင်းလူမျိုး အကြောင်းလေ့လာချက် ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈
ဤအချိန်များတွင် ချင်းဝိသေသတိုင်း တလျှောက် နေထိုင်ကြသည့် ချင်းတိုင်းရင်းသားများက အနောက်ဥရောပ ၀တ်စုံကို မြတ်နိုးပြီး ပို၍ ၀တ်ဆင်ကြသည်ကို တွေ့ရလေသည်။ ထိုနည်းတူ မြန်မာနိုင်ငံမြေပြန့် တလျှောက်နေထိုင်ကြသည့် အရှိုချင်းများသည်လည်း ဗမာ့ဓလေ့ ယဉ်ကျေးမှုနှင့် ထိစပ်ရောနှောမှုကြောင့် ဗမာ့ဝတ်စုံကို ဆင်မြန်းဝတ်ဆင်သူက များလေသည်။ နောက်တွင်လည်း ဆက်လက်၍ ဥရောပ၀တ်စုံနှင့် ဗမာ့ဝတ်စုံကို ခင်တွယ်ဝတ်ဆင်နေကြဦး မည်ဆိုလျှင် ကျွန်တော်တို့၏ ရိုးရာအ၀တ်အစားများ ပျောက်ကွယ်ကုန်ပြီး သင်တို့သည် အဘယ် လူမျိုးပေနည်းဟု လူမျိုးတကာအမေးကို ခံရပေမည်။ … (စာ ၇-၈) မှ ဆလိုင်းတင်မောင်ဆွေ၏ ချင်းတိုင်းရင်းသား လူမျိုးများ စာပေနှင့် ယဉ်ကျေးမှု တိုးတက် ဖွံ့ဖြိုးရေး ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈
၁၉၂၀ ခုနှစ်လောက်တွင် ခရစ်ယာန်သာသနာပြု ဆရာကြီးဖြစ်သော Rev. Carson က မြောက်ပိုင်း ချင်းတောင် ဟားခါးမြို့တွင် ပထမဦးဆုံး ချင်းစာပေကျောင်းကို တည်ထောင် ပေးခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ဗြိတိသျှအစိုးရပိုင်ကျောင်းအဖြစ် သိမ်းပိုက်လိုက်လေသည်။ ထိုခေတ်ထိုအချိန်တွင် ကိုလိုနီပညာရေး စနစ်သည် ညီမျှမှုမရှိခဲ့ပေ၊ လူနေမှုအဆင့်အတန်းကွဲပြားခြင်းနှင့် လူတို့၏ အသိဥာဏ်နည်းပါးမှုကြောင့် အထက်တန်းလွှာ အမျိုးသားများသာ ပညာဆည်းပူးခဲ့ကြပြီး အောက်တန်းလွှာဖြစ်သော ဆင်းရဲသားများနှင့် အမျိုးသမီးများမှာမူကား ပညာဆည်းပူးလေ့လာခွင့် လုံးဝမရရှိခဲ့ကြပေ။ …
(စာ ၂၁) မှ ဘက်တီလင်း (မန်းတက္ကသိုလ်) ၏ ယနေ့ ချင်းအမျိုးသမီးတို့၏ ဘ၀ကြေးမုံ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈
၁၉၅၇ ခု၊ ချင်းတောင် မင်းတပ်နယ်၏ တောင်ကျချောင်းရေများသည် တဝေါဝေါစီးမြဲစီးနေ ကြ၏။ စိမ်းပြာသော တောင်ယံဝယ်၊ တောင်ယာစိုက်ခင်းများကို တွေ့နေ ရ၏။ ဟောင်းအိုဆွေးမြေ့နေသော ဓလေ့ဆိုးများသည် ရှိမြဲနေ သေး၏။ တောင်ယံဝယ် ခြိမ့်ခြိမ့်ညံမျှ နတ်ပွဲတော်များကျင်းပဆဲ၊ လက်စားခြေလူသတ်မှု ရံဖန်ရံခါကြားရဆဲ၊ အမျိုးသမီးများ၏ မျက်နှာဝယ် ပါးရဲစိမ်းစိမ်းများ ချယ်သထားကြဆဲ။ လူသွားလမ်း၊ လားသွားလမ်း အဆင့်မှ မကျော်လွန်နိုင်သေး။ …
(စာ – ၃၅-၃၆) မှ ဘုန်းနီ (မင်းတပ်)၏ တောင်တန်းပြာမှ လူငယ်များ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈
ဥပမာ ဒေသအလိုက်အသုံးပြုသော ဘာသာစကား၊ နေထိုင်မှုမှအစ အတွေးအခေါ် အယူအဆများသည် အပေါ်ယံအား ဖြင့်ကြည့်လျှင် တရွာတဘာသာ၊ တရွာတဓလေ့ကျစီ အဖြစ် ကွဲပြားပုံရနေပါသည်။ ထို့ကြောင့် ယင်းအနက်အဓိပ္ပါယ်ကို သေချာဂနစွာ မစဉ်းစား မကြည့်ရှုသူများအတွက် ယင်းအပေါ်ယံကွဲပြားမှုကို အစွဲပြုပြီး တဘက်မှ ချင်းအမျိုးသားများ သည် ကျန်တဘက် ချင်းအမျိုးသားများကို မသိရှိနားမလည် ဖြစ်ကြသူများလည်း ရှိကြပါသည်။ ထို့ကြောင့် ချင်းအမျိုးသားတိုင်း တဘက်နှင့်တဘက်၊ တဦးနှင့်တဦး တသွေးတသားတည်း (သွေးချင်းအစစ်အမှန်) ဖြစ်မှန်းကိုပင် သဘောမပေါက်နိုင်ခဲ့ကြရပါသည်။ ဤသည် (William Shakespeare) ၏ (Twelfth Night or What you will) ၀တ္ထုတွင် အမွှာပူးမောင်နှမရင်းဖြစ်မှန်း အချင်းချင်း မသိခဲ့သော နှစ်ပေါင်းအကြာကွဲသည့် (Sabastian) ဆိုသူ လူငယ် တယောက်နှင့် သူ့ညီမ (Viola) နှင့် တူနေပေသည်။ အမှန်မှာ ချင်းအမျိုးသားများ၏ ဒေသသုံးဘာသာစကားနှင့် ဓလေ့ ထုံးစံများတွင် မူရင်းအားလုံးတူညီနေသည်ကို မသိမမြင်နိုင် သောကြောင့်ပင် ဖြစ်နေပါ သည်။ … (စာ ၄၃) မှ လျန်အုပ်၏ မနုဿဗေဒရှုထောင့်နှင့် ချင်းအနွယ်ဝင် များ ဆောင်းပါး … မှ။
ချင်းမဂ္ဂဇင်း ၁၉၆၇-၆၈
ထိုနည်းတူ နာဂတွင်သုံးသော ဘာသာစကားတွင် လည်း အခြားချင်းအနွယ်စု ဘာသာစကား တိုင်းစသော တိုင်းများ တွင်သုံးသော ချင်းဘာသာစကားတွင်လည်း အခြားအနွယ်စု ဘာသာစကား မြောက်များစွာရောနှော၍ ဖြစ်ပေါ်သော ဘာသာစကားဖြစ်နေပါသည်။ ဥပမာ – ရေကို “သွီး” “Tui” ဟု (အရှို၊ တီးတိန်၊ လူရှိုင်း၊ ပလက်ဝတို့က ခေါ်သည်။ သေသည် ကို (ဆီ Si ဟု မေထချင်း၊ တီးတိန်ချင်း၊ ဆွမ်မရာ) နာဂတို့က ခေါ်သည်။ “သစ်သီး” ကို ထင်ထေ (Thingthei) ဟု အူရ်ခူလ်နာဂ (Urkhul) နာဂ၊ မင်းတပ်နယ်ချင်း၊ ဟားခါး၊ ဖလမ်းချင်းတို့က ခေါ်သည်။ ဆွမ်မရာနာဂ (Sumra Naga) က (Chingthe) “ချင်းထေ” ဟု ခေါ်ပြီး၊ အရှို၊ ပလက်ဝ၊ ဟားခါးနယ်အချို့က (Stingthaih) “ထင်ထိုက်” ဟု ခေါ်သည်။ … (စာ ၄၅) မှ လျန်အုပ်၏ မနုဿဗေဒရှုထောင့်နှင့် ချင်းအနွယ်ဝင်များ ဆောင်းပါး …မှ။
 

Saturday, May 24, 2014

အိမ်လွမ်းနေသူများ ဒီပုံလေးကို ကြည့်ပြီးအတွေးလေးနဲ့အတွေးကနေ အိမ်အရောက်ပြန်နိုင်ပါစေ


ဘုံတလာရေတံခွန်အလှ




ချင်းအမျိုးသားနေ့အတွက်လက်ဆောင်စကား

လူမျိုးတခုရဲ့ သမိုင်းကို သိဖို့ဆိုတာမလွယ်ပါဘူး
ဒီ post ကို မမြင် ဘူးသေးသူများအတွက် ပြန်တင်ပေးလိုက်ပါ ၏

ချင်းအမျိုးသားနေ့အတွက်လက်ဆောင်စကား

ဆလိုင်း နီ ပဲန်း လိန်း @ ဆလိုင်း ဆွမ်းသျှောင်း ရေးသားသည်။

ချင်းအမျိုးသားများသည် ချင်းအမျိုးသားနေ့ကို ၁၉၅၁ခုနှစ်က စပြီး အမြတ်တနိုး ကျင်းပပြုလုပ်လာခဲ့ကြရာ ၂၀၁၄ ခုနှစ်တွင် (၆၆) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။

၆၆နှစ်ကာလ အတွင်းမှာ ချင်းအမျိုးသားနေ့သည်အခက်အခဲများစွာကြားမှာ ချင်း အမျိုးသားများဧ။် စိတ်ဓါတ်ထက်သန်မှုကြောင့် ဆက်လက် ရှင်သန် လာခဲ့ခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ချင်း အမျိုးသားနေ့သည် ချင်းလူမျိုးများဧ။် စည်းလုးံခြင်းကို ဖော်ဆောင်သော နေ့ဖြစ်သောကြောင့်ဖြစ်ပါသည်။

ချင်းသည် အမျိုးသား နာမည်အဖြစ် တည်မြဲနေမှာကို မလိုလားသော သူတွေကြောင့် အမျိုးမျိုး နှောင့်ယှက် ဖျက်ဆီးရန် ကြိုးပမ်းနေကြသည်။ ချင်းပြည်နေနေ့ အဖြစ် ကျင်းပဖို့ ကြိုးပမ်းနေကြသည်။ သို့သော် ချင်း လူမျိုးများ သည် မတရား အနိုင်ယူမှုကို အောက်ကျ မခံပဲ ဆက်လက်ကြိုးပမ်း နေခဲ့ကြရာ ယနေ့တွင်မှု ချင်းသည် ကမ္ဘာ့အလယ်မှာ အမျိုးသားနာမည် အဖြင့် ဂုဏ်ယူစွာနဲ့ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။

ချင်းအမျိုးသားနေ့၏ အနှစ်သာရ ချင်းအမျိုးသားနေ့သမိုင်းကို ပြန်ကြည့်လျှင်၊ ၎င်း၏် အနှစ်သာရသည် ချင်းလူမျိုးများ ကိုယ့် မျိုးနွယ်စု အသီးသီးအတွက် ကောင်းမွန်ပြီး အမြတ်ရှိသော တိုက်သူကြီး အုပ်ချုပ်မှု နိဂုးံချုပ်စေပြီး တို့အားလုးံ သည် နောက်ခံသမိုင်း၊ ယဉ်ကျေးမှုများ ထောက်ရှုလျှင် တူညီသော လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ ငါတို့သည် တစ်လုးံတည်းနှင့် ရေးသားသော ချင်းလူမျိုးဖြစ်ကြောင်း နှင့် ထိုချင်း ဆိုတဲ့လူမျိုးအားလုးံအတွက် အကျိုးရှိမည့် ကောင်စီအုပ်ချုပ်မှုစနစ်သို့ စပြီး အသွင်းပြောင်းသည့် နေ့ဖြစ်ပါသည်။

ချင်းနောက်ခံသမိုင်း

ချင်းလူမျိုးသမိုင်း အကျဉ်းချုပ်ပြန်ကြည့်လျှင် ချင်းတို့ စတင်ပေါက်ဖွားရာ မူရင်းဒေသနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုးရှိခဲ့ကြသည်။ တချို့က ချင်လုံမှ စတင် ပေါက်ဖွားဆင်း သက်လာခဲ့သည် ဟူ၍၎င်း၊ တချို့က တရုတ်ပြည် ချင်မင်းဆက်မှ ဆင်းသက်လာသည်ဟူ၍ ၎င်း ယူဆခဲ့ကြသည်။

သို့သော်လည်း သမိုင်းပါမောက္ခ လုစ် Groden Luce ဒေါက်တာသန်းထွန်း တို့ကမူ အရှေ့တောင်အာရှသားတို့သည် တိဗက်မြန်မာအုပ်စုမှ ဆင်းသက်လာကြပြီး တိဗက်မြန်မာတို့မှာ တရုတ်ပြည်ရှိ ချီယန် Chi-an အနွယ်ဝင်ဖြစ်သည်ဟု ဆိုကြသည်။

ချင်းတို့မှာ တိဗက် မြန်မာအနွယ်ဖြစ်သောကြောင့် ချင်းတို့ မူရင်းဒေသမှာ ချီယန်တို့ နေထိုင်ရာ တရုတ်ပြည် ကန်စု Kansu ဒေသဖြစ်ခဲ့ သည်။
ဘီစီ (၂၀၀၀)ခန့်တွင် တရုတ် တို့က မကြာခဏ၀င်ရောက် ကျူးကျော် တိုက်ခိုက်သဖြင့် တောင်ဖက်သို့ တဖြည်းဖြည်း ရွေ့ပြောင်း လာခဲ့ ကြသည်။

တချို့သည် တိဗက်မှာ နေထိုင်ကြပြီး တချို့မှာ ရွှေလီ မြစ်၊ သံလွင်မြစ်၊ ယူနန်ပြည်နယ် များမှာ၎င်း၊ တချို့မှာဟူး ကောင်း တောင်ကြားမှ မြန်မာပြည်သို့ ဆင်းသက်လာကြ သည်ဟု ဆိုကြသည်။

ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင်များ ဖြစ်ကြ ကြောင်းကို ရှေးဟောင်းပစ္စည်း အမွေအ နှစ်ရှာ ဖွေ ကြသူများနှင့် သမိုင်းသုတေသီများ အဆိုအရ တင်ပြမည်ဆိုပါက
စီလူဝီစ် (Luwis)ရေး သားသော“The tribes of Burma” Burma research Journal No(4) စာအုပ်တွင် ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင် များဖြစ်ကြောင်း၊ C.A Soppitt ရေးသားသော A short History of Kuki-Lusha စာအုပ်၊ Lt.col.J.Shakespear ရေးသားသော The lushai-Kuki Clan၊ Carry & H.N Tuck ရေးသားသော The Chin Hill နှင့် F.K.Leman ရေးသားသော The strucrute of Chin society စာအုပ်များတွင် ချင်းလူမျိုးများသည် တရုတ်ပြည်မှ ဆင်းသက် လာကြပြီး တိဗက်မြန်မာ အနွယ်ဝင်များဖြစ် ကြောင်း၊ ထို့ပြင် ချင်းအမျိုးသား ထဲမှလည်း Pu Sing Khaw Khai ရေးသားသော “The Chin Their Name and Tradition စာအုပ်၊ (Central-CLCC Annual Magazine) စာအုပ်မှ ပါမောက္ခဒေါက်တာ အေးအေးငွန် ရေးသားသော ချင်းတို့၏ မှုလဇာတိ နှင့် မှုရင်းဒေသဆောင်းပါး၊ Dr. Vum Son ရေးသားသော Zo History စာအုပ် နှင့် အခြားချင်းအမျိုးသားတော်တော်များများမှလည်း ချင်းလူမျိုးတို့သည် တရုတ်ပြည်တိဗက်ဒေသမှ ဆင်းသက်လာကြပြီး မွန်ဂိုလွိုက် အနွယ်ဝင်များဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံကြသည်။

ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်အရတရုတ်ပြည်မှ ဆင်းသက်လာကြ သူများသည် အုပ်စုလေးစုခွဲရာ အာလ်တိုက် (Altaic) အော်óတိ-အာရှတစ် (Austro-Asiatic)၊ အင်-ယူရိုပီယန် (Indo-Europe) နှင့် ဆိုင်နို တိဗက်တန် (Sino-Tibetan)များဖြစ်ကြသည်။

ဆိုင်နိုတိဗက်တန် အုပ်စုတွင်း၌ ဟန်-ချိုင်းနစ် (Han-Chinese)၊ ဟွီ-ချိုင်းနစ် (Hui-Chinese)၊ မယို-ရန် (Miao-Yan)၊ ထိုင်း (Tai)၊ တိဗက်-မြန်မာ (Tibet-Burma) ဟူ၍ ပြန်လည် စိတ်ဖြာဆင်းသက်လာ ကြသည်။ မြန်မာ့သမိုင်းအဆိုအရ Tibeto-Burma အုပ်စု တွင် ရခိုင်၊ ဗမာ၊ ချင်း၊ ကချင်၊ လားဟူ၊ လီဆူး၊ လိုလို မိုဆို၊ နာဂတို့ပါဝင်ကြသည်။

၁၉၅၅ ခုနှစ် အင်းဝမြို့သို့ အင်္ဂလိပ် သံတမန်ကြီး၏ အတွင်းဝန်အဖြစ် လိုက်ပါလာ သော ကပ္ပတိန် ယူလီကမူ ချင်းနှင့်လူရှိုင်းလူမျိုးများသည် အင်ဒိုချိုင်းနား အနွယ်ဝင် များဖြစ်ကြပြီး ကူကီး၊ နာဂ၊ ချင်းအနွယ်ဝင် များဖြစ် ကြကြောင်း သိရှိရသည်ဟု ရေးသားထားပါသည်။

Dr. Vum Son. Zo History ဖော်ပြချက်အရ ချင်းစကားပြောအုပ်စု တွင် အရှို၊ ချိုး၊ ခူမီး၊ ကူကီး၊ လိုင်မီး၊ မီဇို၊ နာဂနှင့် ဇိုမီး စသည်တို့ ပါဝင်ကြ သည်။

ချင်း အမျိုးသားများ အခြေချ နေထိုင်လာပုံ

ချင်းလူမျိုးတို့သည် တိဗက်တရုတ်နှင့် မြန်မာပြည်ဆုံရာ ဟူးကောင်းချိုင့်ဝှမ်းသို့ အေဒီ (၄၀၀)တွင် ရောက်ရှိအ ခြေချပြီး ဖြစ်သည်။
၁၁ရာစုတွင်ရေးသားသော ပုဂံကျောက်စာတွင် ချင်း တို့နေထိုင်ရာ ချင်းတွင်းမြစ်ဝှမ်းကို ဖေါ်ပြ ထားသည်။

ချင်းတို့ သည် အေဒီ (၁၄)ရာစုမှ(၁၉)ရာစုအ တွင်းရှမ်း၊ မဏိပူနှင့် မြန်မာတို့ ကျူးကျော် တိုက်ခိုက်မှု ကြောင့် ဘေးကင်းရာ ချင်းတောင် တန်းသို့ တ ဖြည်းဖြည်းရွေ့ပြောင်းနေထိုင်ခဲ့ရသည်။

အေဒီ (၇၀၀)ခန့်တွင် မုံရွာမြို့၊ စစ်ကိုင်းမြို့၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာဒေသသို့ ရောက်ရှိနေထိုင် လာကြသည်ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ရှာဖွေသူများက ၁၉၇၂ ခုနှစ်တွင် မုံရွာမြို့အနီး၌ တူးဖော် ရရှိသော ချင်းအမျိုးသားများ အသုံးအဆောင်ဖြစ်သည့် ပြောင်ခိုင်ဖြင့် ပြုလုပ်ထားသည် ယမ်းဗူးနှင့် မြေအိုး အပိုင်းအစများအား ကြည့်ခြင်းအားဖြင့်၎င်း၊ အေဒီ(၇၅၀)ခန့်က ပုဂံခေတ်ကျောက်စာများတွင် “ချင်း” ဟူ သော အသုံးအနှုန်း သုံးစွဲခဲ့ခြင်း ကို ထောက်ရှု၍၎င်း၊ ချင်းတွင်းမြစ်ဟူသော အခေါ်အဝေါ်သည်ပင်လျှင် မြစ်ရိုးတ လျှောက် ချင်းအမျိုးသားများ နေထိုင်ကြခြင်းကြောင့်သာ ချင်းတွင်းမြစ်ဟု အမည်တွင် ခဲ့ခြင်းဖြစ်နိုင်သည်။

ချင်းတွင်းချိုင့်ဝှမ်းတွင် ချင်းဘုရား၊ ချင်းရွာ၊ ချင်းစု(ယနေ့စစ်ကိုင်း)စသဖြင့် ယနေ့တိုင် တွေ့ရှိနိုင် ပါသည်။ အေဒီ(၈၀၀)သရေခေတ္တရာမြို့ ပျက်သုန်းပြီးသည့်နောက် အေဒီ (၉၀၀)၌ လက်ရှိမြန်မာပြည်အတွင်း တန်ခိုး သြဇာကြီးသော လူမျိုးသုံးမျိုးတို့မှာ ဗမာပြည်အထက်ပိုင်းတွင် ချင်းလူမျိုး၊ အလယ်ပိုင်းတွင် ပျူလူမျို့နှင့် အောက်ပိုင်း ပဲခူးဒေသတွင် မွန်လူမျိုးတို့ဖြစ်ကြသည်။
ထို့ပြင် အေဒီ (၈၀၀-၈၅၀)ခန့်တွင် ချင်းလူမျိုးတချို့တို့သည် ကဘော်ဒေသသို့ ပြောင်းရွေ့ ခဲ့ကြသည်။
အေဒီ(၁၃)ရာစုတွင် ရှမ်းလူမျိုးများ ၀င်ရောက်ကျူးကျော် လာသဖြင့် အနောက်ဖက် တောင်တန်းဒေသသို့ တက်ပြီး ပြောင်းရွေ့အခြေချခဲ့သည်။

ချင်းတို့သည် ရှမ်းတို့က ၁၃၉၅ ခုနှစ်တွင် ကလေးမြို့ကို တည်ထောင်ပြီးနောက်ပိုင်း မှသာ ချင်းတောင်သို့ အခြေချနေထိုင်လာကြသည်။
ချင်းပညာရှင်များ၏ အဆိုအရ ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး(Ciin Nuai)ဒေသတွင် နေထိုင်ကြသူများ ကို ဇိုမီး၊ လိုင်လွန် နေထိုင်ကြသူများကို လိုင်မီး၊ လိုကျွမ်း (Lo Com) ဒေသတွင် နေထိုင်သူများမှာ မီဇိုမျိုးနွယ်စု များ ဖြစ်လာကြ သည်။

ဖလမ်းမြို့နယ်ထဲမှ Khualsim မျိုးနွယ်စုသည် အေဒီ ၁၅၇၀-၁၅၈၀ အတွင်း၊ Zahau မျိုးနွယ်စုသည် အေဒီ ၁၆၁၅-၁၆၄၀ အတွင်း အခြေချခဲ့ကြပြီး လိုင်မျိုး နွယ်စုများသည် လိုင်လွန်ဂူကို စွန့်ခွါသွားကြပြီး အေဒီ ၁၆၇၅-၁၇၀၀ အတွင်း ဟားခါးနယ်သို့၎င်း၊ ၎င်းမှတဆင့် အေဒီ ၁၇၂၅-၁၇၆၀ အတွင်း ထန်တလန်နယ်သို့၎င်း အခြေချနေထိုင်ကြသည်ဟု S.ZaPeng ရေးသားထားသည်။

တချို့မှာမူ တောင်ဖက်နှင့် အနောက်တောင်ဖက်သို့ ဆက်လက်ပြောင်းရွေ့ အခြေချနေထိုင်ခဲ့ကြသည်။ ယခုချင်းပြည်နယ်တွင် အဦးဆုံး အခြေချနေ ထိုင်ကြသူများမှာ ခူမီး (သို့) မရူ (Masho) မျိုးနွယ်စုများ ဖြစ်ကြရာ လိုင်မီးမျိုးနွယ်စုများ ရောက်ရှိ လာသောအခါ တောင်ဖက်သို့ ပြောင်းရွေ့ လာခဲ့ကြ သည်ဟု ဒေါက်တာ ၀ုန်ဆွန် (Dr. Vum Son) က (Zo History) စာအုပ်တွင် ရေးသား ထားသည်။

ပါမောက္ခ လုစ် မှတ်တမ်းအရ (၁၆)ရာစုအတွင်း ခူမီးမျိုးနွယ်စု သည် ယခုလက်ရှိ အခြေချနေ ထိုင်သည့် အရပ် ဒေသ၏ အရှေ့မြောက်ဖက် တောင်တန်းဒေသများတွင် အခြေချ နေ ထိုင်ခဲ့သည်။ မြို့ (Mara) မျိုးနွယ်စုသည် (၁၄) ရာစုအတွင် ရခိုင်မင်းအရိုက်အရာ ၌”မြို”မင်းတပါး တင်မြောက် ခဲ့ဘူး သည်ဟု ရခိုင်ရာဇာဝင်ကျမ်းမှာ ရှိခဲ့ဘူးသည်။
၎င်းတို့သည် ရခိုင်ပြည်နယ်အနှံ့အပြား စစ်တကောင်း တောင် တန်း ဒေသ (ဘင်္ဂလာ ဒေရှ့်) များတွင် အခြေချနေထိုင်ခဲ့ကြသည်။

ချင်လဲန်သည် ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်အကြားရှိမြေပြန့် နှင့် ကုန်းမြင့်များ အပါအ၀င် ပတ်ကွိုင် (Patkai) တောင်တန်းမှ၊
ဘင်္ဂလားပင်လယ်အော် နိုက်ဂရိုက်ရေလက်ကြား အထိ သွယ် တန်းနေ သောတောင်များ ပါဝင်လျက် ပြည်ထောင်စု မြန်မာ နိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသည်။ တိုင်းနှင့် ပြည်နယ် များအားဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်များတွင် အခြေချနေ ထိုင်ကြသည်။

အိန္ဒိယနိုင်ငံတွင် မီဇိုးရမ်ပြည်နယ်၊ မဏိပူရပြည်နယ်၊ ထရိပူရပြည်နယ်၊ မက်ကလာ ယာပြည် နယ်၊ အာသံပြည် နယ်များတွင် ပျံ့နှံ့နေထိုင်ကြသည်။ ဘင်္ဂလာဒေရှ့်နိုင်ငံရှိ စစ်တကောင်းတောင် တန်းဒေသတွင် နေထိုင်ကြသည်။ လူဦးရေ အားဖြင့် နှစ်သန်းကျော်ရှိ လိမ့်မည်ဟု ခန့်မှန်းသည်။

ချင်းအမျိုးသားနေ့ စတင်ဖြစ်ပေါ်လာပုံ

နယ်ချဲ့ အင်္ဂလိပ်များသည် မြန်မာနိုင်ငံကို ၁၈၈၅ခုနှစ်မှာ သိမ်းပိုက်ခဲ့ကြပြီး ၁၁ နှစ်အကြာ ၁၈၉၅ ခုနှစ်တွင် ချင်းပြည်တော်ကို ရောက်ရှိလာကြခြင်းဖြစ်ပါသည်။
ချင်းအမျိုးသားနေ့သည် ထိုကာလမှ အမြစ်တွယ် သန္ဓေတည်ခဲ့ခြင်းဖြစ်ပါသည်။

၁။ အင်္ဂလိပ်ခေတ်တွင် ချင်းလူမျိုးများဧ။် လှုပ်ရှားမှုထဲတွင် ချင်းအမျိုးသားပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၁၉၁၈ ခုနှစ်တွင် ဖေဖောဝါရီလ (၂၀) ရက်နေ့တွင် ကော်မတီဖွဲ့ခဲ့ကြသည်။

၂။ ၁၉၄၀ ခုနှစ် ဖေဖောဝါရီလ (၂၀) ရက်နေ့မှာ ပူး ၀မ်းသူးမောင် ဦးဆောင်သော ချင်းစည်းလုးံညီညွတ်ရေး ကော်မတီ နှင့် လူထု ၁၀၀၀ ကျော် တို့သည် ကန်ပလက်မြို့၊ ဒါဘားပွဲတွင် သွားရောက်ပြီး ချင်း လူမျိုးများ တောင်းဆိုမှုကို အင်္ဂလိပ် အစိုးရက မလိုက်လျော်သဖြင့် ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

၁၉၄၇ခုနှစ် ဖေဖောဝါရီလ (၁၂)တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် စည်းရုးံမှုဖြင့် ပြည်ထောင်မြန်မာနိုင်ငံကို တောင်တန်းဒေသလူမျိုးများ နှင့် မြေပြန့် ဗမာများ စုပေါင်းတည်ထောင်နိုင်ခဲ့ပါသည်။ ချင်း လူမျိုး ကိုယ်စလှယ်များမှာ ပူး ကီယိုမှုန်း (ဟားခါး)၊ ပူး လှူရ်မှုန်း (ဖလမ်း)၊ ပူးထောင်ဇခုပ်(တီးတိန်)တို့ ပါဝင်ခဲ့ကြည်။ ၎င်း လုပ်ဆောင်မှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နန်ဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက် မှ လွတ်လပ်ရေးရရှိခဲ့သည်။

၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ အပိုဒ် (၅) ချင်းဝိသေသတိုင်း အခန်း ၁၉၆၊ ၁၉၇၊ ၁၉၈ အရ ချင်း ကောင်စီ၊ ချင်းအတွင်းဝန်ရုးံ၊ ချင်းရေးရာဝန်ကြီးများရရှိလာသည်။ ချင်းရေးရာဝန်ကြီးဋ္ဌာနက ၁၉၄၈ ခုနှစ် ဇန်နန်ဝါရီလ (၂၂)ရက်နေ့တွင် ချင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းဖို့ မြန်မာ ၀န်ကြီးများထံသို့ တင်ပြခဲ့ကြသည်။ ထိုကြောင့် ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ချင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ၎င်း ကော်မရှင်တွင် ပူး ၀မ်းသူးမောင်၊ ဦး စည်သူမောင်၊ ဦး စိုးဝင်း များပါဝင်ခဲ့သည်။ ကော်မရှင်၏ အဓိက ရည်ရွယ်ချက်မှာ ချင်းပြည်တော် အတွင်းမှာ တိုက်သူကြီးများ စိတ်ထားများကို သိရှိဖို့နှင့် ၎င်းတို့ အခွန်ကောက်ခံမှုများကို ပပျောက်စေဖို့အတွက် လှု့ဆော်ခဲ့သောသူများ စိတ်ထားကို လေ့လာသုးံသပ်ဖို့ ဖြစ်ပါသည်။

ကော်မရှင်က လေ့လာမှု ဆောင်ရွက်နေဆဲမှာပင် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ (၁၉ရက်နေ့ မှ ၂၂ ရက်နေ့) အထိ ဖလမ်းမြို့တွင် ချင်းအမျိုးသားညီလာခံကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ချင်းအမျိုးသား ၅၀၀၀ ကျော်တက်ရောက်နိုင်ခဲ့ကြတဲ့ သမိုင်းဝင် ညီလာခံဖြစ်ခဲ့ပါသည်။ ၎င်းတို့ ဆုးံဖြတ်ချက်များထဲမှ ဖေဖော်ဝါရီ (၂၀) ၇က်နေ့တွင် ချမှတ်ခဲ့ကြသော အမှတ်(၄)သည် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်စေခဲ့သည့် အကြောင်းတရား ဖြစ်လာခဲ့ပါသည်။ ထို ဆုးံဖြတ်ချက်မှာ ချင်းအမျိုးသားများသည် တိုက်သူကြီး အုပ်ချုပ်မှုကို ဖျက်သိမ်းပြီး ကောင်စီစနစ်အုပ်ချုပ်ကြရန် ဟူ၍ ဖြစ်သည်။ ချင်းရေးရာကောင်စီက ချင်းအမျိုးသားများ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်ကို ကျင့်သုးံနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြရာ ၁၉၄၉ခုနှစ် အောက်တိုလာ (၁၂) ၇က်နေ့တွင် ချင်း အက်ဥပဒေကို လွတ်တော် ပါလီမန်မှာ အတည်ပြုနိုင်ခဲ့ကြသည်။

ထို့ကြောင့် ချင်း ရေးရာကော်မတီက
၁။ ၂၀ ဖေ ၁၉၁၈ ခုနှစ် ချင်းအမျိုးသား ပညာရေး မြင့်မားရေး ကြိုးပမ်းလုပ်ဆောင်မှု
၂။ ၂၀ ဖေ ၁၉၄၀ခုနှစ် ကန်ပလက်တွင် သမိုင်းဝင် ချင်းအမျိုးသားများ ဆန္ဒဖော်ထုတ်မှု
၃။ ၂၀ ဖေ ၁၉၄၈ ခုနှစ် ဖလမ်းမြို့တွင် တိုက်သူကြီး အုပ်ချုပ်မှု စနစ်ကို နိဂုးံချုပ်စေပြီး ဒီမိုကရေစီစနစ် ကျင့်သုးံရန် ချင်းအမျိုးသားများ သဘောတူညီမှု တို့ ကြောင့် ၁၉၅၀ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ဖေဖော်ဝါရီ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ချင်း ရေးရာ ကောင်စီက သတ်မှတ်ပါသည်။

ပထမဦးဆုးံ ချင်းအမျိုးသားနေ့ကို ၁၉၅၁ ခုနှစ်တွင် မင်းတပ်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြရာ ၀န်ကြီးချုပ် ဦးနု ကိုယ်တိုင်နှင့် အခြား ၀န်ကြီးများ အားပေး တက်ရောက်ခဲ့ကြသည်။ ၁၉၅၆ ခုနှစ်တွင် ချင်းကောင်စီ ဥက္ကဋ္ဌ ပူး ဇဟရဲလျန်က ချင်း အမျိုးသားနေ့ကို ဒီဇင်ဘာ (၄)ရက်နေ့သို့ ပြောင်းရွေ့ခဲ့သည်။

ချင်း အမျိုးသားများက သဘောမတူသဖြင့် ၁၉၆၆ ခုနှစ် ဖေဖောဝါရီ လ (၂၀) ရက်နေ့တွင် ၁၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို မင်းတပ်မြို့ ပါတီ ယူနစ် အဆောက်အအုံ၌ ကျင်းပခဲ့ကြသည်။ တိုင်းချုပ်(၃) စည်းရုးံရေးမှူး ဦးမြင့်သိန်းက ချင်း အမျိုးသားနေ့ကို ချင်း ၀ိသေသတိုင်းနေ့ အဖြစ် ကျင်းပရန် စည်းရုံးရေးဝင်ခဲ့သဖြင့် ၁၉၆၆ ဖေ ၂၀ မှာပင် ချင်း အမျိုးသားနေ့ကို ချင်း ၀ိသေသတိုင်း အဖြစ် ကျင်းပရန် ဆုးံဖြတ်ချက် ချခဲ့ကြသည်။

ထိုဆုးံဖြတ်ချက်ကို ချင်းအမျိုးသားများက သဘောမတူခဲ့သောကြောင့် ချင်းကောင်စီ ရုးံစာအမှတ် ရက(၂၉) နံပါတ် ၄(၁)၊ ရက်စွဲ ၁၁၊၀၇၊၁၉၆၆ ဖြင့်၊ တော်လှန်ရေးကောင်စီရုးံချုပ်သို့(စာအမှတ် ဥဆ(၁၅) ဘ/၆၆၊ ရက်စွဲ ၂၅၊ ၁၁၊ ၁၉၆၆) ချင်း အမျိုးသားနေ့ အဖြစ် ပြန်လည် ခေါ်ဆိုဖို့အတွက် စာရေးသား ပေးပို့ခဲ့ ကြပါသည်။

တော်လှန်ရေး ကောင်စီရုးံက ပြန်ပို့ပေးတဲ့ စာကို ချင်းဦးစီရုးံ အဖွဲ့က ရက်စွဲ (၀၉၊ ၀၁၊ ၁၉၆၇)ပါ၊ စာအမှတ် ရက(၂၉) နံပါတ် ၄။ (၂)ဖြင့် ချင်းပြည် အတွင်းရှိ အစိုးရ ရုးံများ၊ မန္တာလေး အတွင်းဝန်ရုးံ၊ ပြန်ကြားရေးရုးံ၊ နှင့် မြန်မာ ရုပ်မြင်သံကြား ရေဒီယိုဖြင့် ဖေဖောဝါရီ(၂၀)ရက်နေ့သည် ချင်း အမျိုးသားနေ့ ဖြစ်ကြောင်းကြေညာ ပေးပါရန် မေတ္တာရပ်ခံ တောင်းဆို ခဲ့ကြပါသည်။ ၁၉၈၆ခုနှစ်တွင် ချင်း အမျိုးသားနေ့ နှင့် ချင်း ပြည်နယ်နေ့ ပြသနာ ပေါ်လာပါသည်။

ပူးမာန်တလိန်း (မတူပီ)က ချင်းအမျိုးသားနေ့ကို ချင်း ပြည်နေ့အဖြစ် ပြောင်းလဲကျင်းပဖို့ သဘောမတူကြောင်း ပါတီရုးံချုပ်သို့ စာရေးသား ပေးပို့ ခဲ့ပါသည်။ မြန်မာ ဆိုရှယ်လစ်ပါတီရုးံချုပ်က မြန်မာနိုင်ငံ လူမျိုးများအကြား ပြသနာ မဖြစ်စေလို၍ ချင်း အမျိုးသားနေ့အဖြစ် ကျင်းပရန် သဘောတူပေးခဲ့ကြသည်။

သို့သော် ချင်းအမျိုးသားနေ့ ကျင်းပဖို့ရန် ပြည်သူများထံမှ အခကြေးမကောက်ရန် တောင်းဆိုခဲ့ကြသည်။
ချင်းပြည်ကို လွတ်လပ်ရေးရခါစတွင် ချင်းဝိသေသတိုင်း အဖြစ် ထားရှိခဲ့ကြပြီး ၁၉၇၄ခုနှစ် အမှတ် (၃၀)(ခ) အရ ချင်းပြည်နယ်အဖြစ်သို့ ၀၄၊ဇန်၊ ၁၉၇၄ ခုနှစ်တွင် ပြောင်းလဲခေါ်ဆိုရန်ချမှန်ခဲ့ကြသည်။

ဒါကြောင့် ချင်းအမျိုးသားနေ့ နှင့် ချင်း ပြည်နယ်နေ့သည် သီးခြားစီ ဖြစ်နေကြောင်းတွေ့ရှိနိုင်ပါသည်
ထို့အပြင် ချင်းပြည်နယ်နေ့သည် ဘယ်အမျိုးသားမဆို ချင်းပြည်နယ်အတွင်း၌ နေထိုင်သော လူမျိုးအားလုးံနှင့်သာ သက်ဆိုင်ပြီး ချင်းပြည်နယ် ပြင်ပ( အခြားတိုင်းနှင့် ပြည်နယ်၊ နိုင်ငံခြား)၌ ရောက်ရှိသော ချင်းအမျိုးသားများ နှင့် မသက်ဆိုင်ကြောင်း ဖော်ညွန်းနေပါသည်။ ချင်း အမျိုးသားနေ့သည် ချင်း အမျိုးသားများနှင့်သာ သက်ဆိုင်ပြီး ချင်းအမျိုးသားများ ဘယ် ကမ္ဘာမှာ နေနေ၊ ဘယ်နိုင်ငံ ရောက်ရောက်၊ ဘယ် တိုင်း နှင့် ပြည်နယ်မှာပဲ ရှိရှိ၊ ချင်းအမျိုးသားနေ့သည် ချင်းအမျိုးသားများနှင့် သက်ဆိုင်ကြောင်း ဖော်ညွန်းနေပါသည်။

ဒီလို အဓိပ္ပါယ် သက်ရောက်မှုကို သိသော မြန်မာ စစ်တပ်အစိုးရကလည်း တစ်ခါ ချင်းအမျိုးသားနေ့ကို ကန့်ကွက်ပြီး ချင်းပြည်နယ်နေ့ အဖြစ် အတင်း ကျင်းပပြုလုပ်ခိုင်းနေရာ ချင်း တက္ကသိုလ် ကျောင်းသားများနှင့် ပြင်ပ ရောက်ချင်း လူမျိုးများကသာ ဆယ်စုတစ်ဝက် ချင်းအမျိုးသားနေ့အဖြစ် ကျင်းပနိုင်ခဲ့ကြပြီး ချင်းပြည်နယ်နှင့် အခြား ပြည်တွင်း နေရာများတွင် ချင်းပြည်နေ့ အဖြစ်ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

သို့သော် ၂၀၁၂ ခုနှစ်သို့ ရောက်လာသောအခါ ချင်း တော်လှန်ရေး တပ်ဦးနှင့် မြန်မာ ကြားကာလ အစိုးရတို့ ငြီမ်းချမ်းရေး ဆွေးနွေးပွဲတွင် ချင်းအမျိုးသားနေ့ကို ချင်းအမျိုးသားနေ့ အဖြစ် ပြန်လည်ကျင်းပဖို့ တောင်းဆိုခဲ့ရာ သဘောတူ ခဲ့ကြသည်။

ယနေ့ အချိန်တွင် ချင်းအမျိုးသားနေ့ကို ချင်းလူမျိုးတိုင်းက ချင်း လူမျိုးဖြစ်ကြောင်း ဂုဏ်ယူ ၀မ်းမြောက်စွာနဲ့ ကျင်းပနိုင်ခဲ့ပါပြီ။

ချင်း အမျိုးသားနေ့ဟာဆိုရင် ဆူးပင်များကြားမှ ရှင်သန်ခဲ့ပြီး ခက်ခဲကြမ်းတမ်းသော သမိုင်းခရီးကို နင်းလျှောက်လာခဲ့ပါသည်။ ချင်းအမျိုးသားနေ့ကြောင့် ဒုက္ခရောက် ထောင်ကျ နေခဲ့သော ချင်း မျိုးချစ် လူကြီး၊ လူငယ် များ၏ ကြိုးပမ်းမှုကြောင့် ဖြစ်တည်လာခဲ့ခြင်းဖြစ်ပါသည်။

နိဂုးံ

လူမျိုးတိုင်းမှာ အမျိုးသားနေ့ဆိုတာ ရှိခဲ့ကြပါသည်။ ချင်းသည် နယ်မြေ အမည် နာမ မဟုတ်ပါ။ ချင်းသည် လူမျိုးတစ်မျိုး ဖြစ်ပါသည်။
တော်လှန်ရေးဆိုတာ အချိန်တိုင်း၊ နေရာတိုင်း၊ နှလုးံသားတိုင်းမှာ ဖြစ်ပေါ်နိုင်ပါသည်။
ယနေ့ ၂၀၁၄ ခုနှစ် ချင်း အမျိုးသားနေ့မှာ ချင်းအမျိုးသားဖြစ်ရတာ ဂုဏ်ယူပြီး ချင်းအမျိုးသား အားလုးံစည်းလုးံမှုကို လိုလားသောသူများဖြစ်ကြပါသည်။

စင်ကာပူ ချင်းအမျိုးသားများသည် မွေးရပ်မြေ ချင်းပြည်တော်နှင့် ဝေးကွာလျှက်နေခဲ့ကြပါသည်။
သို့သော် ကျတော်တို့သည် ချင်းအမျိုးသား၊ ချင်းလူမျိုးများ ဖြစ်သောကြောင့် ဘယ် နေရာမှာပဲ နေနေ၊ ချင်းအမျိုးသားနေ့သည် ကျတော်တို့၏ အမျိုးသားနေ့ဖြစ်သည်ကို နားလည်ကြသော သူများဖြစ်သောကြောင့် အင်မတန် အားရ ကျေနပ် စရာကောင်းပါသည်။

ချင်း လူမျိုးများ ချင်းပြည်တော် တိုးတက်ဖို့အလို့ငှာ စည်းလုးံ ညီညွတ်ကြဖ့ို လိုပါသည်။
ယနေ့ ချင်းအမျိုးသားနေ့မှာ ချင်း အမျိုးသားထံသို့ လက်ဆောင်စကား ပါးခဲ့ချင်ကတော့ ရွှေမှုန့်အနည်းငယ် ရနိုင်ဖို့ အတွက် တန်ပေါင်းများစွာသော မြေသားများကို လွင့်ပစ် ရပါသည်။
သို့သော် ကျတော်တို့ရှာဖွေနေတာ မြေသားတွေ မဟုတ်ပါဘူးံ။ ရွှေတွေပဲ ဖြစ်ပါတယ်။ ကျတော်တို့ ချင်းအမျိုးသားများ အဖြစ် ခံယူကြပြီးဖြစ်ပါသည်။ ကျတော်တို့ရှာဖွေနေတာ ချင်းအမျိုးသားများ အားလုးံ စည်းလုးံဖို့ဖြစ်ပါသည်။

ဒါကြောင့် ငါတို့ရဲ့ ထောင်းပေါင်းများစွာသော မတူညီမှုတွေကို ကျတော်တို့ လွင့်ပစ်ရပါမည်။
ကျတော်တို့ ရှာဖွေနေတာ ကျတော်တို့ရဲ့ ခြားနားချက်တွေ၊ မတူညီမှုတွေ မဟုတ်ပါ။
ငါတို့ရဲ့ နောက်ခံသမိုင်း ယဉ်ကျေးမှုများ သက်သေပြနေခဲ့တဲ့ ငါတို့ရဲ့ တူညီမှုတွေကို ရွှေထက် တန်ဖိုးရှိတဲ့ စည်းလုးံညီညွတ်မှု ဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါသည်။ ချင်း အမျိုးသားတိုင်းရဲ့ စိတ်နှလုးံထဲမှာ ကျတော်တို့ ရွှေကို နေတာပါ။
မြေသားကို ရှာဖွေတာမဟုတ်ပါဆိုတာ အမြဲ သတိရကြဖို့ လက်ဆောင်စကားပါးခဲ့ချင်ပါသည်။

Ref:
_ Chin National Day Golden Jubilee Magazine,
_ Zo Thang Siamsin (2010 kum, CND biachimmi)
_Religion and Politics among the Chin People in Burma (1896-1949) by Dr L.H Sakhong
_Zo History by Dr Vom Son,
_Ancient Chin History By Ro Sang
_Chinland Constitution Draft (4)

တောင်ဇလပ် ပန်းကို လွမ်းဒယ်


နှလုံးသား ပုံ ရိဒ်ရေ ကန်အလှ